Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeMoviesမကောင်းတာ လုပ်ထားရင် မကောင်းမှုတွေ...

မကောင်းတာ လုပ်ထားရင် မကောင်းမှုတွေ ပြန်လာမယ်ဆိုတဲ့အသိပညာပေးမယ့် ရုပ်ရှင် ဇာတ်ကားကြီးအထူးပွဲ

ZAW_3333

R Square ရုပ်ရှင် ထုတ်လုပ် ရေးရဲ့ ပထမဆုံး ရုံတင်ပြသမယ့် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးတဲ့ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကား အထူး ပြသပွဲကို ဇူလိုင်လ (၃ဝ) ရက်နေ့ မနက် ၇ နာရီခွဲ က သမ္မတ အဆင့် မြင့် ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ထွန်းထွန်း၊ ခန့်စည် သူ၊ နေမျိုးအောင်၊ အိချောပို၊ မိုးပြည့်ပြည့်မောင်တို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင် ထားကြပါတယ်။ အဆိုပါ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က……..

” ဒီဇာတ်ကားကတော့ R Square ရုပ်ရှင် ထုတ်လုပ်ရေးက ပွဲခံမယ်။ ထွန်းထွန်း အိချောပိုတို့ ပွဲခံမယ်။ ပြီးရင် ကျွန်တော်တို့ အား လုံး ပွဲခံကြမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဗျာ။ ဒီဇာတ်ကားကို ကျွန်တော်တို့ ၂ဝ၁၆ခုနှစ် ၈ လပိုင်းက စရိုက်ကူးခဲ့ တာ ၁နှစ်ကျော်ပြီ။ မရိုက်ကူးခင်က လည်း ထုတ်လုပ်သူတွေနဲ့ တိုင်ပင် ပြီး ဇာတ်ကိုသေချာ စဉ်းစားတယ်။လိုကေးရှင်း ကြည့်တယ်။ ပြီးတော့ မင်းသား မင်းသမီး သေချာရွေးတယ်။ ထွန်းထွန်းဆိုရင် မရိုက်ခင် ၂လ ထဲက စာချုပ်ချုပ်တယ်။ ၂လအတွင်း တခြားဇာတ်ကား မရိုက်ရဘူး လို့ ပြောတယ်။ ဆံပင်အရှည် ထားခိုင်း တယ်။ လက်သည်းမညှပ်ရဘူး။ အဲဒီလိုပေါ့နော်။ ဖြစ်နိုင်ရင် ရွာသား တစ်ယောက်လို နေဖို့ကြိုပြီးတော့ ပြောပြထားတဲ့ အတွက်ကြောင့် သူလည်းတော်တော် ကြိုးစားတယ်။ အရင်ထက် လုံးဝကို ကွဲထွက်သွား တယ်။ အလုပ်အပေါ်မှာလည်း တအားကြိုးစားတဲ့သူဖြစ်လာတယ်။ အမှန်တိုင်းပြောရရင် ဒီဇာတ်ကားနဲ့ ထွန်းထွန်းကို ထပ်ဆင့်အကယ်ဒမီ မှန်းပါတယ်။ အိချောပိုလည်း မှန်း ပါတယ်”လို့ ဇာတ်ကားအကြောင်း နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်အတွက် အကယ်ဒမီ ရရှိနိုင်ဖို့ မျှော်မှန်းထား ကြောင်းတွေ ကို အခုလို ပြောပြပါတယ်။အဆိုပါ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကား ကို ကြည့်ရှုကြတဲ့ ပရိသတ်များကို ကိုယ်ကသူများကို မကောင်းတာ လုပ်ထားရင် ကိုယ့်ဆီကိုလည်း တစ်နေ့ သွယ်ဝိုက်သောနည်းနဲ့ မကောင်းမှုတွေ ရောက်လာမယ်ဆို တဲ့မက်ဆေ့ခ်ျကို ပေးချင်တာဖြစ် ကြောင်း ဒါရိုက်တာစတီလ်း (ဒွေးမေ တ္တာ)ကပြောပြပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို သြဂုတ်လလယ် အတွင်းမှာ ရုံတင်ပြသသွားမှာ ဖြစ် ကြောင်းသိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071