ပြီးခဲ့သည့် ၁၂ လအတွင်း စပိ ဆေးပြား ၁.၁ ဘီလျံကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ် Anutin Charnvirakul သည် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည်။ ဘန်ကောက်မြို့ရှိ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုတွင် စနေနေ့က ပြုလုပ်သည့် အခမ်းအနား၌ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ တရားရေးဝန်ကြီး Rutthaphon Naowarat၊ ပြည်ထောင်စုရဲချုပ် Kittharath Punpetch နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အတွင်းရေးမှူးချုပ် ရဲမှူး Suriya Singhakamol တို့ လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ် အနုထင် က စက်တင်ဘာလက နိုင်ငံတစ်ဝန်းဖြိုခွင်းမှုတွင် သံသယရှိသူ ၁၆ ဦးနှင့် မူးယစ်ဆေးဝါး အမြောက်အမြားဖမ်းဆီးရမိခဲ့ပြီး အဓိက မူးယစ်ဆေးဝါးကွန်ရက် ကိုးခုကို လည်းအောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြောင်း စနေနေ့က ချီးကျူးခဲ့သည်။မက်သာဖက်တမင်း ဆေးပြား ၁၈.၅ သန်း၊ မက်သာဖက်တမင်း ၁၄၈၈ ကီလိုဂရမ်နှင့် ကီတာမင်း ၂၉ ကီလိုဂရမ်တို့ကို လည်းသိမ်းဆည်းရမိခဲ့သည်။
မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရိုမှာ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သဘာပတိ အဖြစ်ဆောင်ရွက်သော ပြည်ထဲရေး ဝန်ကြီးလည်းဖြစ်သည့် မစ္စတာ အနုတင်က မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် အမျိုးသားရေး ဦးစားပေးလုပ်ငန်းဖြစ်ပြီး ထိုင်းတော်ဝင် ရဲတပ်ဖွဲ့အတွက် အရေးတကြီး တာဝန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မူးယစ်ဆေးဝါးသည် ပြည်သူလူထု၏ ဘေးကင်း လုံခြုံမှုကို အကြီးအကျယ် ခြိမ်းခြောက်နေ၍ ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့ပါသည်။
နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကို တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။
အရှေ့မြောက်နယ်စပ်တလျှောက်တွင် မဲခေါင်မြစ်တလျှောက် မူးယစ်ဆေးဝါး ကုန်ကူးသူများကို မဲခေါင်မြစ်တလျှောက် ကင်းလှည့်အရာရှိများက ဘန်ကန်မြို့ရှိ အခြားဂိုဏ်းကိုလည်း ဖမ်းဆီးခဲ့သည်။
Ref:Bangkok post
