Home Movies မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးနိုင်၍ ဝိုင်းဝန်းကာကွယ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တိုက်တွန်း

မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးနိုင်၍ ဝိုင်းဝန်းကာကွယ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တိုက်တွန်း

0
71

လွိုင်ကော်၊ စက်တင်ဘာ ၃

မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးစေနိုင်သည့်အတွက် ဝိုင်းဝန်းကာကွယ်သွားရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့၌ စက်တင်ဘာ ၂ ရက်က ကျင်းပခဲ့သည့် ကယားပြည်နယ် လူငယ်ရေးရာကော်မတီ၏ “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် လူငယ်များအားလုံးက ရှောင်ကြဉ်တို-က်ဖျ-က်သွားကြရန်လည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် “လောင်းကစား၏ ဆိုးကျိုးများ၊ ရှောင်ရှားရမည့် နည်းလမ်းများနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။