Thursday, January 16, 2025

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်...

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။ အသက် ၅၃ နှစ်အရွယ်...

မြန်မာ့လက်ရွေးစင် ငွေခေတ်ဘောလုံးသမားကြီး ဂိုးအောင်ကျော်ကျော် ကို...

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဘောလုံးအသင်းသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂိုးအောင်ကျော်ကျော် ကို လာမည့် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခေါ်ယူခဲ့ကြောင်းသိရသည်။ ဦးအောင်ကျော်ကျော်သည် ၁၉၉၃ ဆီးဂိမ်းတွင် သူ၏...
HomeNewsLocal Newsမူးယစ်ဆေးဝါးနှင့်ပရီကာဆာဓာတုပစ္စည်းများတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးကို ၆လတာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်လျက်ရှိ

မူးယစ်ဆေးဝါးနှင့်ပရီကာဆာဓာတုပစ္စည်းများတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးကို ၆လတာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုအခြေအနေများနှင့်သယ်ဆောင်ရာလမ်းကြောင်းပြောင်းလဲမှုများအပေါ်သုံးသပ်ဆောင်ရွက်ကာ ဖမ်းဆီးလျက်ရှိခြင်းနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ(44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD)တွင် အဖွင့်အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်မူးယစ် အထူးစစ်ဆင်ရေးများကို စနစ်တကျစီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း လာအို၊မြန်မာ၊ထိုင်း ၃ နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် Operation 1511 / 22 သည်အောင်မြင်မှုများရရှိခဲ့ကာ လက်ရှိတွင်လည်း မူးယစ်ဆေးဝါးနှင့်ပရီကာဆာဓာတု ပစ္စည်းများတားဆီးနှိမ်နင်းရေးဆိုင်ရာအထူးစစ်ဆင်ရေး Operation 39 ကို ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှဇူလိုင် ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ထို့အတူ အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီမျှဝေဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရန်လိုအပ်ကာ မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်အားလုံးကို နည်းမျိုးစုံဖြင့်ခြိမ်းခြောက်စိန်ခေါ်လျက်ရှိ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာပူးပေါင်းပြီး တူညီသောဘုံရည်မှန်းချက်ဖြင့် နီးကပ်စွာဆောင်ရွက်သွားရမည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့ တိုးတက်လာသည့် ခေတ်စနစ်အခြေအနေနှင့်နည်းပညာဆန်းသစ်မှုများအရ မူးယစ်ဆေးဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီးတရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် မှောင်ခိုလုပ်ငန်းများသည် အာဆီယံဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံတိုင်းရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်အရှိဆုံးပြဿနာတစ်ရပ်ဖြစ် သည်ဟုလည်း ပြောသည်။

ကမ္ဘာ့နိုင်ငံအများစု၏ မျိုးဆက်သစ်လူငယ်များကြား၌ အလွယ်တကူဝယ်ယူရရှိနေသည့် လူလုပ်မူးယစ်ဆေးဝါးသုံးစွဲမှုများ များပြားလာကာ Happy Water ကဲ့သို့ စိတ်ပြောင်းဆေးဝါးအသစ်များ နေ့စဉ်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့်ပေါ်ထွက်လျက်ရှိ၍ အနာဂတ်ကာလမူးယစ်ဆေးဝါးပြဿနာ၏ စိန်ခေါ်မှုအသစ်များနှင့်ဆက်လက်ရင်ဆိုင်နေရမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် (၄၃)ကြိမ်မြောက် ASOD အစည်းအ ဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ ASOD ခေါင်းဆောင်မှ (၄၄)ကြိမ်မြောက် ASOD အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ ASOD ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်ထံ သဘာပတိတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက် မိသားစုနှင့်အဆက်သွယ်ပြတ်တောက်ကာ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက လာရောက်အကူအညီတောင်းခံမှုများ လာချိန်၌ ထုတ်ပြန်ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။ ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် အဆိုပါအမှုများကို စေ့စေ့စပ်စပ်ကိုင်တွယ်ဖြေရှင်းရန် ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ညွှန်ကြားထားပြီး ဖမ်းဆီးခံထားရပြီးသောင်တင်နေသူများကိုကယ်တင်ကာ ဘေးကင်းစွာအိမ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်းပြောကြားခဲ့သည်။ တယ်လီကွန်းလိမ်လည်မှုနှင့် အခြားရာဇဝတ်လုပ်ငန်းများသည် မသိနားမလည်သူများကို ပြည်ပ၌ အလုပ်အကိုင်ကောင်းကောင်း၊လစာကောင်းကောင်းကို စားရိတ်ငြိမ်းရနိုင်မည်ဟုပြောဆိုစည်းရုံးကာ မက်လုံးပေးလေ့ရှိတတ်သဖြင့် ယင်းသို့အလိမ်မခံရစေရန်လည်း သတိထားဖို့လိုကြောင်း ထပ်မံသတိပေးထားသည်။ အဆိုပါဂိုဏ်းများသို့ရောက်ရှိသွားပါက ၎င်းတို့သည် တယ်လီကွန်းလိမ်လည်မှုနှင့်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေနိုင်သည့်ပြဿနာများကို အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြေရှင်းရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေး၌ ခရီးသွားများဘေးကင်းရေးနှင့် ခရီးသွားလာရေးဘေးကင်းမှုအစီအမံများ မြှင့်တင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ အလုံအလောက်ချထားရေးတို့ကိုလည်း ညွှန်ကြားခဲ့ကြောင်းသိရသည်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စိုးရိမ်စရာကိစ္စများလျော့ပါးစေရန်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို ခေါ်ယူကာ အန္တရာယ်ရှိနိုင်သူများကို ကြိုတင်ကာကွယ်ပေးပြီး ကျူးလွန်သူများကိုလည်း ထိထိရောက်ရောက်အရေးယူရန် ညွှန်ကြားထားသည်ဟု ထိုင်းရဲတပ်ဖွဲ့၏အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ ဆက်လက်၍ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတကာအေဂျင်စီများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်များတွင်လည်း အထူးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်သွားရန်ရည်မှန်းထားကြောင်းသိရသည်။ ထို့နောက်...

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။ အသက် ၅၃ နှစ်အရွယ် ပြင်သစ်သူက သူသည် ပစ်နှင့် ချစ်ကြိုက်နေခဲ့ပြီဟု ယုံကြည်နေခဲ့ကြောင်း ပြင်သစ် TF1 ရုပ်သံလိုင်းကို ပြောကြားခဲ့ပြီး သူသည် ခင်ပွန်းဖြစ်သူနှင့်ပင် ကွာရှင်းပြတ်စဲခဲ့ကာ လိမ်ညာသူများကို ယူရို ၈၃၀၀၀၀ (ဒေါ်လာ ၈၅၀,၀၀၀) လွှဲပေးခဲ့သည်ဟု ဆိုခဲ့သည်။ “လူလိမ်တွေဟာ နာမည်ကျော်တွေနဲ့ ပရိသတ်တွေရဲ့ ခိုင်မာတဲ့ ချိတ်ဆက်ဆက်ဆံမှုကို အခွင့်ကောင်းယူကြတာ အတော်ဆိုးပါတယ်” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071