မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း တည်ဆောက်နေသညိ့ ပိုးတွေ့လူနာ ဦရေ ၁၀၀၀ ထားရှိ ကုသနိုင်မည့် ပိုးတွေ့လူနာ ကုသရေးစင်တာတွင် လူနာများကုသနိုင်မည့် ကျန်းမာရေးပညာရှင်များ လိုအပ်လျက်ရှိနေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာကုသရေးစင်တာမှာ မြန်မာ-တရုတ် ကုန်သွယ်ရေးကဏ္ဍ ပြန်လညိဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါများ စစ်ဆေးပြီး ရောဂါကင်းစင်သူများကိုသာ တစ်ဖက်နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစိကြောင်း၊ ရောဂါပိုးတွေ့ရှိသူများကို ၎င်း စင်တာတွင် ထားရှိကာ တရုနိုင်ငံမှ ကုသမည့် ဆေးပညာရှင်များဖြင့် ပူးပေါင်း ဆောင်ရွက်ကာ ကုသပေးနိုင်ရေး၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးနိုငိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ထားထြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကုတင် ၁၀၀၀ ဆံ့ ပိုးတွေ့လူနာ ထားရှိကုသရေး စငိတာတည်ဆောက်မှု မကြာမီပြီးစီမည်ဖြစ်သော်လည်း ကုသရေး ဆရာဝန်နျား၊ သူတာပြုများလိုအပ်ချက်ရှိနေပြီး သက်တန်းပေးမှုများလည်း ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သိရသည်။
” အဓိက ကတော့ ကုန်သွယ်မှုပြုနေတဲ့ ကုန်သည်တွေပေါ့။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ကုန်သညိတွေကို စစ်ဆေးပြီး ပိုးတွေ့ရင် ထားနိုင်အောင်လို့ပါ။ နောက်တစ်ပတ်လောက်ဆိုရင် ဒီ ကုတင် ၁၀၀၀ ဆံ့ P စင်တာတည်ဆောက်မှုကပြီးမယ်ထငိတယ်။ ဒါပေမဲ့ ဟိုဘက်က ကျတော့ ပထမဆွေးနွေးချက်မှာ သူတို့ဆီက ကုသမဲ့ ဆရာဝန်တွေ၊ ပညာရှင်တွေ လွှတ်ပေးမယ်။ ဆေးဝါးနဲ့ ဆေးဝါးက စ္စည်းတွေ၊ အောက်ဆီဂျင်တွေ ကူညီမယ်လို့တော့ ပြောထားပါတယိ။ ဒီ လူ ၁၀၀၀ ကို ကုသဖို့က ဆရာဝန်တွေ၊ သူနာပြုတွေက အများကြီးလိုပါတယ်။ ဆေးပစ္စည်းတွေကတော့ ရောက်နေတာတွေရောက်နေပါပြီ။ ဒီ စင်တာတည်ဆောက်ပြီးပေမဲ့ ဘယ်ကတာဝန်ယူ ကုသပေးမှာလဲ ဆိုတာတွေက ဆက်ပြီး ဆွေးနွေးညှိနှိုင်းရဦးမယ်။ သင်တန်းတွေလဲပေးရပါဦးမယ်။ မူဆယ်က ကျန်းမာရေး ဝန်ထမ်းတွေ ဆိုတာကလဲ မူဆယ် ဆေးရုံကြီးအတွက်တောင် လုံလောက်မှုမရှိဘူးဖြစ်နေတာပါ။” ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာ့ပို့ကုန်များကို ပြန်လည်၍ အမြန်ဆုံးတင်ပို့နိုင်ရန် မူဆယ်(၁၀၅) မိုင်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ ကျင့်စန်းကြော့ ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဩဂုတ်လ ၁၇ ရက်နေ့က နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆက်လက်ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂိတ်နှစ်ဂိတ်ဖွင့်လှစ်နိုင်ရေးမှာ လက်ရှိအခြေအနေအရ မူဆယ်(၁၀၅) မိုင် ပိုးတွေ့လူနာ လက်ခံကုသရေး စင်တာ အတွက် ကျွမ်းကျင်ဆေးပညာရှင်များ၊ ဆရာဝန်၊ သူနာပြုများကို တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးကူညီစေလွှတ်ပေးနိုင်မှ ဖွင့်လှစ်၍ ကုနိသွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။