မူဆယ်မြို့မှသယ်လာသည့် အမိုနီယမ်နိုက်ထရိတ်(၆ ဒသမ ၂၈၈ တန်)အား ပုသိမ်ကြီးနှင့်အမရပူရမြို့နယ်တို့တွင် ဖမ်းမိ
မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်နှင့်အမရပူရမြို့ နယ်တို့တွင် ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့မှမန္တလေးတိုင်းသို့သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်(၆ ဒသမ ၂၈၈ တန်)အား ဇူလိုင် ၂၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ည ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊(၁၆)မိုင်ပူး ပေါင်းစစ်ဆေးရေးဂိတ်၌ ပြင်ဦးလွင်ဘက်မှမန္တ လေးဘက်သို့ ဝင်းမြိုင် မောင်းကာ ရန်မျိုးအောင် လိုက်လာသည့် Nissan ၁၂ ဘီးကားအားရှာဖွေခဲ့ကြသည်။
ထိုသို့ ရှာဖွေရာကားပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်(၁ ဒသမ ၆၄ တန်)အား ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဇူလိုင် ၂၇ ရက်ညနေ ၃ နာရီတွင် အမရပူရမြို့နယ်၊စာကလေးအင်းကျေးရွာရှိ ကုမ္ပဏီအားဝင်ရောက်ရှာဖွေခဲ့ကြသည်။
ရှာဖွေရာမှ မန်နေဂျာသက်နောင် အားထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်(၄ ဒသမ ၆၄၈ တန်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ် ဖွဲ့မှသိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာဆက်စပ်ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။