ပြီးခဲ့သည့်နှစ်ထက် ၃၈၈သန်းကျော်ပို
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိမြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ကုန်သွယ်မှု တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၉၇၆ သန်း ကုန်သွယ်မှု ပြုလုပ်ထားပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၄၄၁ ဒသမ ၁၀၇ သန်းနှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၈၆၉ သန်း ဖြစ်သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၈၈ ဒသမ ၂၈၈ သန်း ပိုမိုရရှိထားပြီး လက်ရှိ တရုတ်ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် မြန်မာငွေ ၄၃၅ ကျပ်ရှိကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်နယ်စပ်ဂိတ်မှ ဆန်၊ ဆန်ကွဲများမှလွဲ၍ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ ခန့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် သွင်းကုန်အနေဖြင့် ယာဉ်အစီးရေ ရာနှင့်ချီကာ မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။