စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွ င် SUZUKI ယာဉ်တစ်စီး မတော်တဆမှု ဖြစ်ပွားရာမှ ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးအနက် အမျိုးသား (၁) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ မေ (၂) ရက်၊ နံနက် (၈)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာအနီး ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သတင်းအရ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးအနက် အမျိုးသား (၁) ဦး အသက်ဆုံးရှုံးခဲ့ရပြီး အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီး(စစ်ကိုင်း)သို့ ပို့ဆောင်ပေးခဲ့သည်။

