မုံရွာ-မန္တလေး ကားလမ်းတွင် မော်တော်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ကာ ပစ်ခတ်ခြင်းခံရ၍ (၂) ဦးသေ (၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း မုံရွာ – မ န္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော် တော်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရသည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ (၂) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၁၅) ရက်တွင် ပုလဲမြို့နယ်၊ လက်တောင်းကြီး ကျေးရွာနေသူ ဦးမျိုးညွန့် အပါအဝင် အမျိုးသား (၃) ဦး၊ အမျိုးသမီး(၁)ဦးတို့သည် ယာဉ်မောင်း ဦးကျော်မိုး (၄၅) နှစ် မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် မုံရွာ – မန္တ လေးကားလမ်းအတိုင်း မန္တလေးမြို့သို့ ထွက်ခွာလာစဉ် တိုက် ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မောင်းနှင်လာရာမှ နံနက် (၁၀) နာရီ ၄၅ မိနစ်အ ချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ – မန္တ လေးကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၇ ဖာလုံနှင့် ၅၈ မိုင်အကြားအရောက်တွင် လက်နက်ကိုင်အဖွဲ့များက လမ်း၏ယာဘက်မှ ထောင်ထားသည့် လက်လုပ်မိုင်း (၃) လုံးဖြင့် ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ယာဉ်ပေါ်ပါ အ မျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ပြီး အ မျိုးသား (၂) ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် မြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ပတ် သက်သည့် လက်နက်ကိုင်အဖွဲ့များအား ဖော်ထုတ် ဖမ်း ဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။