စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်း၊ လမ်းသွယ်(၁)ရှိ “နဝရတ်” စိန်နှင့် ပလက်တီနမ်ဆိုင်ကို စက်တင်ဘာလ (၂၆) ရက် မွန်းတည့် (၁၂) နာရီဝန်းကျင်က အမျိုးသမီး (၂)ဦးအပါအဝင် လူ(၅)ဦးက အနုကြမ်းစီးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နဝရတ်” စိန် နှင့် ပလက်တီနမ်ဆိုင်အနေဖြင့် စီစီတီဗွီမှတ်တမ်းတွင်ပါဝင်သည့် အဆိုပါ အနုကြမ်းစီးသူများနှင့် မသင်္ကာစရာတစ်စုံတစ်ရာတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးရန်လည်း အကူအညီတောင်းခံထားသည်။
ဖြစ်စဉ်မှာ ကျား(၃)ဦး မ(၂)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့်လာရောက်ပြီး ဈေးဝယ်ဟန်ဆောင်၍ ဝင်ရာက်လာကာ လက်နက်ပြခြိမ်းခြောက်ပြီး ဖုန်း(၅)လုံး၊ Laptop(၁)လုံး အိမ်ရှိ စိန် ၊ ရွှေ ၊ပလက်တီနမ် အတွင်းပစ္စည်း အားလုံးယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“နဝရတ်” စိန် နှင့် ပလက်တီနမ်ဆိုင်အနေဖြင့် အနုကြမ်းစီးသည့် စီစီတီဗွီရုပ်သံဖိုင် ၊ ဓာတ်ပုံများနှင့် အကူအညီတောင်းခံစာများကို လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် မျှဝေထားပြီး ထပ်ဆင့်မျှဝေမှုများလည်း အများအပြား ရှိနေသည်ကို တွေ့ရသည်။