စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေ တီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ဆွမ်းသပိတ် (၁,၀၀၀)လောင်းလှူပူဇော်ပွဲကို ယနေ့ အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၊ ဘု ရားကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ကြီးတို့၌ကျင်းပရာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက်ခဲ့သည်၊
မုံရွာမြို့၊ ဘုရားရပ်ကွက်ရှိ၊ သာစံကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဘဒ္ဒန္တ တေဇဝန္တ သက်တော်ရှည် ဆရာ တော်ကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသူရိယ သက်တော်ရှည်ဆရာတော်ကြီး၊ ပင့်သံဃာဆရာတော်ကြီးများ၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်/သံဃာတော်အပါး (၁,၀၀၀)တို့အား ဆွမ်းသပိတ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆေးများနှင့် သစ်သီးများကို တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လောင်းလှူခဲ့ကြသည်။
