Tuesday, April 29, 2025

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည်...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊...
HomeNewsLocal Newsမုံရွာမြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊...

မုံရွာမြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ပြန်လည်ခုခံရာ ဓားများဖြင့်ဝိုင်းခုတ်၍ ဆိုင်ရှင်အမျိုးသားသေဆုံး အမျိုးသမီးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၂၀ ရက်ညပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမြို့မှ သိရသည်။

ယင်းနေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က အမည်မသိအမျိုးသားများသည် ဆိုင်ကယ် ၄ စီးဖြင့် မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်၊ဗဟိုလမ်းရှိ “ချမ်းမြေ့သုခ”ကုန်စုံဆိုင်သို့ရောက်ရှိလာပြီးနောက် ဆိုင်အတွင်းသို့ဝင်ရောက်ကာခြိမ်းခြောက်ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

“သူတို့လင်မယားက ဆိုင်ပိတ်နေတဲ့အချိန် ဓားပြတိုက်တဲ့လူတွေက ဆိုင်ထဲကိုဝင်လာတာ၊ခြိမ်းခြောက်ပြီးပိုက်ဆံတောင်းတဲ့အချိန် ဆိုင်ရှင်အကိုက ပြန်ပြီးခုခံတော့ လင်မယားနှစ်ယောက်လုံးကို ဓားတွေနဲ့ဝိုင်းခုတ်ကြတယ်၊ အဲဒီအချိန်ပတ်ဝန်းကျင်ကိုအော်ပြီး အကူအညီတောင်းတော့ ဘာမှမယူနိုင်ဘဲထွက်ပြေးသွားကြတယ်လို့သိရပါတယ်”ဟု မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမြို့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓားခုတ်ခံရမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင် ကိုစိုးရာဇာ(၃၃)နှစ်၏ ညာဘက်လက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊နောက်ကျောပြတ်ရှဒဏ်ရာ ၂ ချက်၊ရင်ဘက်ပြတ်ရှဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့်ဇနီးဖြစ်သူ မခင်ချမ်းမြေ့သိန်း(၃၁)နှစ်မှာ ဘယ်ဘက်ပါးနှင့်ဘယ်ဘက်လက်ချောင်းတို့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်စီရရှိခဲ့ကြောင်း သိရသည်။

“အဲဒီအချိန်က မီးပြတ်နေတာ ဆိုင်ထဲကို ၇ ယောက် ၈ ယောက်လောက်ရှိတယ်ဝင်လာပြီး ငွေတောင်းတယ်လို့ပြောတယ်၊ သေနတ်အတုတစ်လက်လည်းပါတယ်လို့ပြောတယ်၊ဆိုင်ရှင်အကိုက တုတ်နဲ့ရိုက်လိုက်တော့ သေနတ်ပြုတ်ကျသွားတဲ့အချိန် ဓါးနဲ့ဝိုင်းခုတ်ကြတာပေါ့”ဟု မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမြို့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမြို့မှ ဓားဖြင့်ခုတ်ခံရသူ၂ ဦးအား မြေပြင်အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ရာ ကုန်စုံဆိုင်ပိုင်ရှင်ကိုစိုးရာဇာသည် ရရှိထားသည့် ဓားဒဏ်ရာများကြောင့် ဆေးရုံရောက်ရှိချိန်၌သေဆုံးသွားခဲ့ပြီး မခင်ချမ်းမြေ့သိန်းမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ဆိုင်ရှင်အကိုက သွေးထွက်လွန်သွားတဲ့အတွက် အခင်းဖြစ်တဲ့နေရာမှာ ရှေးဦးပြုစုနည်းနဲ့လုပ်တာတောင်သွေးကထိန်းလို့မရဘူး၊ ဆေးရုံအရောက်မှာသေဆုံးသွားတာပါ၊ ဒီမနက်ကတော့ ဆေးရုံရင်ခွဲရုံကနေ သူ့အိမ်ကိုပြန်သယ်လာခဲ့ပါပြီ၊ သူတို့မှာ ၃ နှစ်အရွယ်လောက်ရှိတဲ့ ကလေးတစ်ယောက်လည်းရှိတယ်”ဟု မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမြို့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများကို အဆင့်အလိုက် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန် အဆင့်အလိုက် စနစ်တကျဆော င်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များ ချမှတ်ပြီး...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ " မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071