စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။
ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ (၁,၂၀၀)အိတ်ကြိတ်ခွဲထုတ်လုပ်နေသည့် တန်(၆၀)ကျ “အောင်သုခ”ဆန်စက်ရုံ၊ ယင်း ရပ်ကွက်၌ တစ်ရက်လျင် ပေါင်မုန့်နှင့် ကိတ်အမျိုးမျိုး အထုတ်ရေ (၅၀,၀၀၀)ကျော်ထုတ်လုပ်နေသည့် “ရွှေကြယ်စင်”မုန့်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် သလ္လာဝတီရပ်ကွက်ရှိ “အကွာပူရ”သုံးရေနှင့်သောက်ရေသန့်စက်ရုံ၊ မုံရွာမြို့နယ်စည်ပင်နှင့် အကွာပူရကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ရေ ပေးဝေရေးလုပ်ငန်းတို့ကိုလည်း တိုင်းဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ရေပေးဝေရေးလုပ်ငန်းသည် ချင်းတွင်းမြစ်ရေ အားသန့်စင်၍ မုံရွာမြို့ရှိ ရပ်ကွက်(၂၃)ရပ်ကွက်အ တွင်းနေထိုင်များကို နေ့စဉ်သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည်။
