စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ မေ လ (၁) ရက် ညနေပိုင်းက လေပြင်းများတိုက်ခတ်ကာ မိုးသ ည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။
“အနောက်မြောက်ထဲက ညနေ(၃)နာရီခွဲလောက်ကတည်းက မိုးတွေအုံ့မဲလာတာပါ။ မိုးခြိမ်းသံတွေ စကြားရပြီးတဖြည်း ဖြည်း လေတိုက်တာပြင်းလာတယ်။ နောက်မိုးစကျလာပြီး သည်းတော့တာပါ။ လေရောမိုးပါပြင်းတယ်”ဟု မုံရွာဒေသ ခံက ပြောသည်။
လာမည့် မေလ (၃)ရက်တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နှင့် မန္တ လေးတိုင်း အတွင်းရှိ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင် မန္တ လေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင် ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲခရိုင်၊ လားရှိုးခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးခရိုင်နှင့် ကလောခရိုင်တို့တွင် နေ ရာကွက်ကျား မိုးထစ်ချူန်းရွာသွန်နိုင်ကြောင်း ပြင်ပမိုး လေဝသ ပညာရှင် ဒေါ်စုစုစံက အသိပေးထားသည်။
ထို့အပြင် လေပြင်းတိုက်ခြင်း၊ လျှပ်စီးမိုးခြိမ်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြ စ်ပေါ်နိုင်သည်ဟုလည်း အသိပေးထားသည်။








