စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ (စတုတ္ထအကြိမ်) မြောက်အဖြစ် သံဃာတော်အပါး(၁,၀၀၀)အား ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယနေ့ နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းက မြို့ရာပြည့်စေတီတော်မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာတွင်ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်များမှ ဆရာတော်၊သံ ဃာတော်အပါး(၁,၀၀၀)နှင့် သီလရှင်ဆရာကြီး/ဆရာ လေးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြသည်။
ယနေ့ နိုဝင်ဘာ ၄ ရက်ညပိုင်းတွင်လည်း ပြည်ထောင်စုရင်ပြင်၌ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်တွင် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများက မီးပုံးပျံအလုံး (၁,၅၀၀)ကျော်အားလွှတ်တင်ကာ မီးရှူးမီးပန်းများပစ်ဖောက်၍ ဆင်နွှဲခဲ့ကြသည်။
ထို့ပြင် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် မြို့ပေါ် ရှိရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာနများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိကဆေး ရုံ/ကျောင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်/ ဆီကုန် သည်ကြီးများအသင်းများနှင့် MSME လုပ်ငန်းရှင်များမှ စတုဒီသာမဏ္ဍပ်(၂၂)ခုဖြင့် စတုဒိသာများကျွေးမွေးခဲ့ကြသည်။
