စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် အခြေခံစားနပ်ရိက္ခာ(၄)မျိုး ပေးအပ်နိုင်ရေး စာရင်းများ စနစ်တကျ ကောက်ခံလျက်ရှိကြောင်းသိရသ ည်။
ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ၍ မုံရွာမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လာရောက်နေထိုင်သည့် မိသားစုများအား စားသောက်နေထိုင်ရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာစာရင်းကောက်ခံနေခြင်းဖြစ်သည်။
အခြေခံစားနပ်ရိက္ခာ(၄)မျိုး ဖြစ်သည့် ဆန်၊ဆီ၊ဆား၊ပဲ နှင့် အာဟာရမှုန့်များကို (၃)လ တစ်ကြိမ် ပေးအပ်မည်ဖြစ်ပြီး ဇန်နဝါရီလ(၁၃)ရက်နံနက်ပိုင်းက စတင်ပြီး မုံရွာမြို့ပေါ် ရပ်ကွက်များရှိ အိမ်ငှါး၊ ဘာသာရေးအဆောက်အဦ၊ ဆွေမျိုး၊မိတ်ဆွေ အိမ်များတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာ မိသား
စုများ မကျန်ရှိစေရေးနှင့် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေးအတွက် အနာဂတ်အလင်းတန်း(ရောင်)လူငယ်ဖွံ့ဖြိုးရေးအဖွဲ့ နှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ ဝန်ထမ်းများပူးပေါင်းကာ အိမ်ထောင်စု လူဦးရေစာရင်းများကို စနစ်တကျ ကောက်ခံလျက်ရှိသည်။
အိမ်ထောင်စုစာရင်းများ ကောက်ခံရာတွင် ဇန်နဝါရီလ(၁၃) ရက်မှ ဇန်နဝါရီလ (၁၆) ရက်အထိ မုံရွာမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်ထားသည့် ရုံးကြီးလူငယ်လူမှုကူညီရေးအသင်း၊ ခရစ်ယာန်ကျောင်း၊ ဘုန်းစိုးဘုန်းကြီးကျောင်း၊ တော်ဝင်ဘုံစံဘုန်းကြီးကျောင်းတို့တွင် လက်ခံကောက်ယူမည်ဖြစ်သည်။
ဆက်လက်၍ ဇန်နဝါရီ (၂၁) ရက်တွင် သတ်မှတ်နေရာများတွင် ပေးအပ်လှူဒါန်းမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ နေရပ်စွန့်ခွာ မိသားစုများအားလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အတွင်း သတ်မှတ်ထားသည့် နေရာများတွင် ပေး အပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။