မုံရွာတွင် စျေးဝယ်ထွက်လာသည့် အမျိုးသား (၁) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့တွင် ဈေးဝယ်ထွက်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ နံနက်ပိုင်းက ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၂၄) ရက် နံနက် (၉) နာရီဝန်းကျင်က မုံရွာမြို့ ၊ စက်မှုဇုန် ရပ်ကွက်ရှိ စက်မှုဇုန် ဈေးအနီးတွင် အ မျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ် သည်။
ပစ်ခတ် ခံရသူမှာ စက်မှုဇုန် ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်ဆွေ ဆိုသူဖြစ်ပြီး ဈေးဝယ်ထွက်လာစဉ် လက်နက် ကိုင်ဆောင်ထားသူ လူငယ် (၃) ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ခေါင်းကို မှန်ပြီး နေရာမှာတင် ဆုံးသွားတယ်လို့ ကြားတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပေါ်ပြူလာသို့ ပြောသည်။
သေနတ်ဖြင့် ပစ်ခတ် ခံရမှုကြောင့် ဦးမြင့်ဆွေသည် ယာနားထင်ဖောက်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
လက်ရှိတွင် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူနိုင်ရေးနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိရေး လုပ်ဆောင်နေကြောင်း သိရသည်။