မုံရွာပြည်သူ့ဆေးရုံကြီးတွင် H1N1 ကြောင့်လူနာများ ဆေးကုသ လျက်ရှိသည်ဟူသောသတင်းကြောင့် မုံရွာဒေသခံများစိုးရိမ်မှု ရေချိန်မြင့် တက်လျက်ရှိရာ လက်ရှိအခြေအနေကို အများသိရှိစေ ရန်အတွက်သြဂုတ် လ၁၄ရက်နံနက်၉နာရီကမုံရွာပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ အေးငြိမ်းကသူ၏ရုံးခန်းတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။လက်ရှိ မုံရွာဆေးရုံကြီးတွင် H1N1 လူနာ၁ဦးနှင့်ပိုးတွေ့လူနာ၂ဦး တက်ရောက်ကုသလျက် ရှိရာအသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာအေးငြိမ်းက ပြောကြား အသိပေးသည်။
“မုံရွာဆေးရုံကြီးမှာ သံသယဖြစ်တဲ့လူနာ၁ဦးနဲ့ပိုးတွေ့တဲ့လူနာကွှဃကျောင်းသူလေးတစ်ယောက်ရယ် တန့်ဆည်မြို့နယ်နဘက်ကြီး ဆေးရုံအလုပ်သမားတစ်ယောက်ရယ်၂ယောက်ရှိတော့အားလုံး၃ ယောက်ဆေးကုသနေရာမှာ လက်ရှိမှာအသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ မရှိပါဘူး။ ကျန်းမာရေးကတော့ကောင်းနေပေမယ့်သူ တို့ရဲ့ရောဂါသက်သာပေမယ့်လည်း ဆရာဝန်ကြီးတွေဆုံးဖြတ်ချက်နဲ့ စိတ်ချရပြီဆိုမှဆေး ရုံကပေးဆင်းစေမှာဖြစ်ပါတယ်”ဟုဒေါက်တာအေး ငြိမ်းကပြောပြသည်။
“စစ်ကိုင်းတိုင်းထဲမှာပိုးတွေ့တယ်ဆိုတာ ၅ဦးရှိ သွားပါပြီ။ ၅ယောက်မှာအမျိုးသမီး၃ဦး အမျိုးသား၂ဦးပါ။မန္တလေး ဆေး ရုံမှာတန့်ဆည်ကအမျိုးသမီးလူနာနဲ့ ရွှေဘိုကအမျိုးသမီး လူနာ တို့ဖြစ်ပြီး လက်ရှိမှာစိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့သိရပါ တယ်” ဟု ဒေါက်တာအေးငြိမ်းကပြော ကြားအသိပေးသည်။
လှိုင်ဝင်းကို