ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကတိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည့် သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ ထောက်ပံ့ပစ္စည်းများကိုပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆေးဝါးနှင့် ဆေးပစ္စည်း (၂၆) မျိုး (၆ ဒသမ ၉၃၈) တန်၊ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးဘူး (၅၀,၀၀၀) နှင့် သွားတိုက်တံ (၅,၀၀၀) ချောင်း (၂ ဒ သမ ၂၆၂) တန်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံသို့ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်တန်ချိန် (၅၀၀) တို့ကိုလည်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။
