တောင်တရုတ်ပင်လယ်တွင် တိုင်ဖွန်းမုန်တိုင်းတို-က်ခ-တ်မှုခံရမှုကြောင့် မြန်မာသင်္ဘောသားများလိုက်ပါလာသော မြန်မာသင်္ဘောတစ်စီး အင်ဂျင်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ချိန်တွင် ရာသီဥတုအလွန်ဆိုးရွားနေသဖြင့် တရုတ်နိုင်ငံမှ ကြည်း၊ ရေ၊ လေနှင့် အာကာသရှာဖွေရေးယန္တရားများအသုံးပြု၍ သင်္ဘောများ၊ ဂြိုလ်တုများနှင့် ရဟတ်ယာဉ်နှင့်အတူ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာမှ မြန်မာသင်္ဘောသား(၁၀)ဦးနှင့် သင်္ဘောကိုကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
