အဝါရောင်အဆင့်သတ်မှတ်ထားသည့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခု၌ လာမည့် ၇၂ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလက အသိပေးထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ ၂၃ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခွဲက တိုင်းထွာရရှိချက်များအား မွန်းလွဲ ၂ နာ ရီတွင် မုန်တိုင်းငယ်သတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ရွေ့လျားလာမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။
သို့ရာတွင် မုန်တိုင်းငယ်၏အရှိန်ကြောင့် လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်း၊နေပြည်တော်၊မန္တ လေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ရခိုင် ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာကွက်၍မိုးသည်းထန်စွာရွာ သွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။
ထို့အတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း လှိုင်းအမြင့် ၉ ပေခန့်အထိရှိသည့် တစ်နာရီလျင် ၃၅ မိုင်အထိ မိုးသက်လေပြင်းများတိုက်ခတ်နိုင်သည်ဟု သိရသည်။
ယင်း မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင် လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးထားသည်။