Friday, January 17, 2025

ယနေ့ မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွား

ယနေ့ ဇန်နဝါရီ (၁၇)ရက်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် မီးလောင်ကျွမ်းမှု(၂)ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နံနက်အစောပိုင်း (၃)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့ ၊...

ပြည်တွင်း ချန်ပီယံဆု (၅)ကြိမ်စီရရှိထားသည့် ရန်ကုန်ယူနိုက်တက်နှင့်ရှမ်းယူနိုက်တက်တို့...

Myanmar National League ချန်ပီယံဆု (၅)ကြိမ်စီ ရရှိခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဇန်နဝါရီ (၁၈)ရက်၌ ရန်ကုန်မြက်ခင်းတုကွင်းတွင် ဒုတိယအကျော့ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး...

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး...
HomeNewsLocal Newsမုတ်သုံလေ အားကောင်းနေ၍ ရန်ကုန်...

မုတ်သုံလေ အားကောင်းနေ၍ ရန်ကုန် အပါအဝင် ဒေသ (၇) ခုတွင် နေရာကွက်၍ မိုးကြီးမည်

မုတ်သုံလေ အားကောင်းနေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၇) ခုတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ဇူလိုင်လ (၁၉) ရက်၊ နံနက် (၇) နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အား အလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း သိရသည်။

ထူးခြားသည့်အခြေအနေအရ ယနေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေတွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း“တာလင်း”(Talim)သည် ဗီယက်နမ်နိုင်ငံအထက်ပိုင်းတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် ယနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်၊မန္တလေးတိုင်း ၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ် ပြန်ကြေညာထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း နှင့် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေမှ (၁၃) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

လာမည့် (၂)ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွား

ယနေ့ ဇန်နဝါရီ (၁၇)ရက်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် မီးလောင်ကျွမ်းမှု(၂)ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နံနက်အစောပိုင်း (၃)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့ ၊ ဘိုးရာဇာရပ်ကွက်အတွင်း မီးလောင်ကျွမ်းခဲ့သဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၄၇)မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။ အလားတူ မွန်းလွဲ (၁၂)နာရီ မိနစ်(၅၀)ခန့်အချိန်၌ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းရပ်ကွက် အောက်လမ်းမကြီး‌ပေါ်ရှိ SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ပြင်သို့ မော်လမြိုင်ခရိုင်၊မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၊ မည်သည့်အတွက် မီးလောင်ကျွမ်းရခြင်းနှင့် မီးလောင်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။ အဆိုပါ...

ပြည်တွင်း ချန်ပီယံဆု (၅)ကြိမ်စီရရှိထားသည့် ရန်ကုန်ယူနိုက်တက်နှင့်ရှမ်းယူနိုက်တက်တို့ ဒုတိယအကျော့ ထိပ်တိုက်တွေ့ဆုံမည်

Myanmar National League ချန်ပီယံဆု (၅)ကြိမ်စီ ရရှိခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဇန်နဝါရီ (၁၈)ရက်၌ ရန်ကုန်မြက်ခင်းတုကွင်းတွင် ဒုတိယအကျော့ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အသင်း (၂)သင်း၏ ပထမအကျော့ တွေ့ဆုံကစားမှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးကွင်း၌ ကစားခဲ့ကြပြီး တစ်ဖက် (၂)ဂိုးစီသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ထားသည်။ လက်ရှိ Myanmar National League Week-15 အပြီး အမှတ်ပေးဇယားရပ်တည်မှုအရ ရှမ်းယူနိုက်တက်အသင်းမှာ ရမှတ် (၄၃) မှတ်ဖြင့် အဆင့် (၁)၊ ရန်ကုန်ယူနိုက်တက် အသင်းမှာ ရမှတ်...

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြော

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။ "အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် "ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။ မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071