Saturday, July 4, 2026

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု...

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃...

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ...

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး...

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP...

သယ်ယူပို့ဆောင်ရေးလုပ်ငန်း စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ စကားဝိုင်း...

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးရန် ရည်ရွယ်သည့် "သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ" ခေါင်းစဉ်ဖြင့် Panel Discussion...
HomeMoviesမုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း...

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်၊ ကမ်းရိုးတန်းရေယာဉ်များ သတိပြုရန် မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပင်လယ်ပြင်တစ်လျှောက် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် အားပိုကောင်းလာကာ “မိုင်ဆက်ခ် (MAYSAK)” အမည်ရှိ အပူပိုင်းမုန်တိုင်းအဖြစ် ရောက်ရှိလာပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားကာ ဇူလိုင် ၄ ရက်တွင် ဟိုင်နန်ကျွန်းကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။

ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း ရန်ကုန်၊ တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရေပြင်လေသည် အနောက် (သို့မဟုတ်) အနောက်တောင်ဘက်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၅ မှ ၂၀ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ ၂၅ မှ ၃၀ မိုင်နှုန်းအထိ အားကောင်းလာနိုင်ကြောင်း၊ ပင်လယ်လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေအထိ မြင့်တက်နိုင်သဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

ထို့ကြောင့် ကမ်းရိုးတန်းတစ်လျှောက် သွားလာမည့် ရေယာဉ်များ၊ ငါးဖမ်းလှေများနှင့် ပင်လယ်ပြင်ခရီးသွားများအနေဖြင့် မိုးလေဝသထုတ်ပြန်ချက်များကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်သည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်ထားကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု လျှော့ချရေးနှင့် သန်လျင်ရေနံချက်စက်ရုံသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။ YESC ဥက္ကဋ္ဌနှင့်အဖွဲ့သည် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် မီတာခကြွေးကျန်အခြေအနေနှင့် စာရင်းသွင်းမှုများကို စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ မီတာစာရေးများအနေဖြင့် မီတာများကို ကိုယ်တိုင် စနစ်တကျ ဖတ်ရှုရန်၊ မီတာဖတ်ရှုစဉ် ထူးခြားမှုများတွေ့ရှိပါက လျှပ်စစ်ပုံစံ (၂၉၀) ဖြင့် ချက်ချင်းတင်ပြရန် ညွှန်ကြားခဲ့သည်။ ထို့ပြင်...

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃ ဦးကို မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးသူငယ် ၁၁၃ ဦးကို မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းအချက်ကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ဇူလိုင် ၂ ရက်က ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၆) တွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရာတွင်...

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိ

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာပါက ပုံမှန်လုပ်ငန်းစဉ်အတိုင်း နေ့ချင်းပြီး စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။ CMP သွင်းကုန်လိုင်စင်များကို TradeNet 2.0 စနစ်မှတစ်ဆင့် လျှောက်ထားရပြီး သက်ဆိုင်ရာ CMP အသင်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းအသင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းအသင်းတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ တင်သွင်းလာသည့် လျှောက်လွှာများကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။ CMP...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071