Monday, January 20, 2025

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂...

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...
HomeNewsLocal Newsမုတ်သုံလေအားကောင်းနေခြင်းကြောင့် ရန်ကုန် အပါအဝင်...

မုတ်သုံလေအားကောင်းနေခြင်းကြောင့် ရန်ကုန် အပါအဝင် ဒေသ (၉)ခုတွင် နေရာကွက်၍ မိုးကြီးမည်

မုတ်သုံလေအားကောင်းနေခြင်းကြောင့် ရန်ကုန် အပါအဝင် ဒေသ (၉)ခုတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း သိရသည်။

ယနေ့ညနေအထိ မိုးဇလ၏ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မုတ်သုံလေအားကောင်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇလက အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း Online လိ-မ်လ-ည်မှုလုပ်ငန်းများတွင် မတရားခို-င်းစေခြင်းခံရသူ ၁၂၉၂ ဦးကို ရှာဖွေလွှဲပြောင်းပေးနိုင်ခဲ့

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌ ခို-င်းစေခြင်းခံခဲ့ရသည့် နိုင်ငံခြားသား(၁၂၉၂)ဦးကို ရှာဖွေကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နှိမ်နှင်းနေမှုနှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီ ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂ နှစ်ကျော်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများသည် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်သကဲ့သို့ မြန်မာနိုင်ငံသားများကလည်း တရုတ်နိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားပြီး...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071