Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesမီးမကူးရြာ

မီးမကူးရြာ

16296020_1332176340174775_674999126_n copy

သီသီဝင်း(ပြည်တက္ကသိုလ်)

တက္ကသိုလ်တွင် လုပ်ဖော် ကိုင်ဖက် သူငယ်ချင်း သည် မရွှေထား ပရဟိတ လုပ်ငန်းကို စိတ်ဝင်စားစွာ တွင်တွင် ကျယ်ကျယ် ပါဝင်ေ ဆာင်ရွက်နေ သည်ကို အားကျမိသည်။ အားပေးမိ သည်။ ကိုယ်တိုင်လည်း ပါဝင်ဖို့ အကြိမ်ကြိမ် ကြိုးစားမိခဲ့သည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ မြွေဆိပ်ဖြေ ဆေး လှူဒါန်းခရီးစဉ်ကို လိုက်ပါနိုင်ခဲ့ သည်။ မကွေးတိုင်း၊ သရက်ခရိုင်၊ အလတ်လယ်ရွာနှင့် အထက် မင်းလှမြို့ နယ်၊ သခွတ်ရင်း ရွာများ အတွက် မြွေဆိပ်ဖြေဆေး (၁ဝ)လုံးစီ ပေးလှူမည့်ခရီးစဉ် ဖြစ်ပါသည်။

16244346_1332176370174772_1408162293_n copy

ပြည်မြို့ နံနက်၎နာရီခန့်တွင် ခရီးစတင်ခဲ့ကြရာ ညနေ ၅နာရီခန့် တွင် အထက်မင်းလှမြို့၊ မုံရွာ- ပုသိမ် ကားလမ်းရှိ ရွာလေးတစ်ရွာ တွင် တစ်ထောက်နားခဲ့ကြသည်။ ရွာသူ ရွာသားများက လှိုက်လှဲပျူငှာရှိလှ သည်။ ရွာကို စဝင်လိုက်စဉ်ကပင် ရှေးဟောင်းစေတီ
ပုထိုးများစွာကို တွေ့မိ၍ စိတ်ဝင်စားမိသည်။ ရွာ ကျောင်းထိုင်ဆရာတော်ကို ဖူးကြ သည်။ ဆရာတော်၏ မိန့်မြွက်မှု စကားနှင့် ရွာသူရွာသားများ၏ ပါးစပ်ရာဇဝင်များအရ စိတ်ဝင် စားဖွယ်ကောင်းသည့် ရွာကလေး ဖြစ်၍ စပ်စုလေ့လာမိသမျှ မျှဝေ တင်ပြရပါသည်။

16295270_1332176350174774_549328363_n copy

 ရောက်ရှိနေသော၊ တစ်ထောက် နားနေသော ရွာလေးမှာ ‘မီးမကူးရွာ’ ဟု တွင်ခဲ့ကြောင်းသိရသည်။ ပုဂံ  ခေတ်ထွန်းကားသည့်ကာလ အတွင်း  ‘မဏိစည်သူမင်း’ တည်ခဲ့သောရွာဟု ဆိုကြသည်။ ‘မဏိစည်သူမင်း’ သည် စေတီပုထိုးပေါင်း ၃၃ဆူကိုလည်း လှူဒါန်းတည် ထားခဲ့သည်။ ယခုအခါ တွင် ၁၂ဆူသာ ရှိတော့ပြီး ယိုယွင်း ပျက်စီးနေသည်ကြောင့် စေတနာရှင် ပြည်သူများသည် စုပေါင်းသဒ္ဓါဖြင့် (၁)ဆူ ပြန်လည် ပြုပြင်ထားသည်။ ‘ရွှေမုဋ္ဌောစေတီ’ ဟု ဘွဲ့အမည် ဆက်ကပ်ထားသည်။

16344259_1332176330174776_1698653087_n copy

စေတီပုထိုးများ၏ ပုံသဏ္ဌာန် သည် ပုဂံခေတ်လက်ရာများ ဖြစ်ကြောင်း အသုံးပြုတည်ထားသည့်၊ ပုဂံရှေးဟောင်းမြို့ရှိ စေတီပုထိုးများ တွင် အသုံးပြုထားသည့် ကြီးမား သော အုတ်ချပ်များနှင့် သဏ္ဌာန်တူ  သည်က သက်သေခံလျက် တွေ့ရ သည်။

16343685_1332176453508097_1714761218_n copy

ခရီးဆက်ရန် ရှိသော်လည်း ရွာအမည်နှင့်စပ်လျဉ်း မေးမြန်း မိသည်။ ‘မီးမကူးရွာ’ ဟု အမည် ပေးခဲ့ခြင်းမှာ တစ်အိမ်နှင့် တစ်အိမ်၊ ဤရွာနှင့် အခြားရွာတို့ မီးမကူးခြင်း ကြောင့်ဟု သိရှိရသည်။ ဤရွာရှိ အိမ်တစ်အိမ် ကို မီးပါက လေမည်မျှ  တိုက်စေ မီးမည်မျှကြီးစေ ကာမူအခြား အိမ် ကို ကူးစက်လေ့မရှိပေ။ ရွာအပြင်ဘက်မှ မီးအား ရွာထဲသို့ သယ်ယူလာပါက ရွာထိပ်မှာပင် မီးငြိမ်းသည်။ မီးတို့ ၍  ပြန်မွှေး၍ပင် မရပေ။ အလှူပွဲများ ရှိ၍ မီးစက် များကို ရွာအပြင်၌ထား ၍ ရွာထဲသို့ မီးသွယ်တန်း ပေးပို့ လျှင်လည်း မီးမလင်းသည့် အပြင် ရွာအတွင်းမှ ရွာပြင်ထုတ်ပါက ရွာထိပ်မှာပင် မီးငြိမ်းလေ့ရှိကြောင်း သိရှိရသည်။

16343804_1332176333508109_625721142_n copy

ရွာသားတစ်ဦး ကွယ်လွန်စဉ်က ၄င်း၏ အစ်မဖြစ်သူသည် မြေ၌ လူးလှိမ့်ငိုခဲ့သည့်နေရာတွင် ယခုတိုင် မြက်မပေါက်သေးဟု ဆိုကြ သည်။ အပူကြီးလွန်း၍ဟု ဆိုကြသည်။ ယင်းနေရာကို သွားရောက်လေ့လာ ရန် အချိန်မရ၍ မျက်မြင်ကြည့်ရှု နိုင်ခဲ့ခြင်းမရှိပါ။

ထို့ပြင် တစ်ရွာလုံးရှိသူတို့သည် ကံငါးပါးကို လုံခြုံအောင် ထိန်းသိမ်း နိုင်ခြင်းမရှိသည့်အချိန်တွင် တစ်ရွာ လုံး ပြာကျပျက်စီးမည်ဟု ယုံကြည် စွဲလမ်းကြလျက်ရှိသည်။

မင်းလှမြို့နယ်၊ မြကင်းတောင် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ယိုယွင်းနေသည့် စေတီပုထိုးများကို ပြုပြင်ရန် စီစဉ်လျက်ရှိကြ သည်။ ရှေးဟောင်းသုတေသန ဦးစီးဌာနက လည်း ယိုယွင်းလျက်ရှိသော စေတီ ပုထိုးများ၏အမှတ်စဉ်များကို ၂ဝ၁၄ ခုနှစ်တွင်
ရိုက်နှိပ်မှတ်တမ်း တင်ထား သည်ကြောင့် များမကြာမီရှေးမူ မပျက် စေတီပုထိုးများ ပြန်လည်ဖူးမြော်ခွင့် ရရှိကြမည်ဟု မျှော်လင့် မိပါသည်။

မရွှေထား ပရဟိတအဖွဲ့၏ မူလအစီအစဉ်အတိုင်း ခရီးဆက်ခဲ့ ကြရာ သခွတ်ရင်းရွာသို့ နေဝင်ဖျိုးဖျ ချိန် ရောက်ရှိခဲ့သည်။ ရွာသူရွာ သား များသည် ရိုးစင်းလှသည်။ ရွာ၆ရွာ စုပေါင်းမှ ဆေးထိုးအပ်ကိုင်နိုင်သည့် သားဖွားဆရာမတစ်ဦးသာ ရှိသည်။ မြွေဆိပ်ဖြေဆေးကို မည်သို့ သုံးစွဲရ သည်ကို အတွေ့အကြုံမရှိကြပေ။ သို့ပါ၍ မရွှေထားတို့အဖွဲ့သည် ရွာ သူရွာသားများကို စုဝေးကာ မြွေဆိပ် ဖြေဆေး သုံးစွဲနည်းသာမက ရှေးဦး သူနာပြုနည်းများကိုလည်း ဆွေးနွေး ပညာပေးခဲ့ကြသည်။ ရွာသူရွာသား များ၏ ကျေနပ်အားရဝမ်းသာနေ သည့် မျက်နှာများကို တွေ့မြင်ခဲ့ရ၍ ကြည်နူးမိခဲ့သည်။

ပရဟိတလုပ်ငန်းကို အခြေပြု လိုက်ပါခဲ့ရသည့် ခရီးစဉ်အတွေ့ အကြုံ၊ ဗဟုသုတများကို ဖြန့်ဝေခွင့် ရရှိခဲ့ခြင်းကို ရင်တွင်းပီတိ များစွာဖြင့် ခရီးဆက်ခဲ့ပါတော့သည်။

သီသီဝင်း(ပြည်တက္ကသိုလ်)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071