ပရိသတ်များရဲ့အချစ်တော် အိန္ဒြာကျော်ဇင်ကတော့ လတ်တ လောမှာ အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ကြော်ငြာရိုက်နဲ့ Photo Shooting တွေလုပ်ကိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။ မိသားစုဘဝလေးမှာ အေးချမ်း ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနေတဲ့ အိမ်ထောင် ရှင်မတစ်ယောက်အ နေနဲ့ကိုပြေတီဦးကိုဘယ်လို အစား အသောက်တွေ ချက်ကျွေး ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ အိန္ဒြာ ကျော်ဇင်က…
”ပြောရမှာဆိုရင်တော့ မီးဖို ချောင်ကို တအားကြီးမဝင်ဖြစ်ဘူး။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ မဝင်ဖြစ်ရတဲ့အကြောင်းရင်းက လည်း ဒီဘက်အလုပ်ကလေးတွေနဲ့၊ နောက် ပြီးတော့ ကလေးတွေကို လည်း ကိုယ်ကျွေးချင်တဲ့အရာလေး တွေကိုတော့လုပ်ပေးဖြစ်တယ်။ သူတို့ကိုကျောင်းကြိုတာ၊ ကျောင်း ပို့တာ၊ သူတို့နဲ့အတူ အိမ်စာတွေ လုပ်တာ၊ သူတို့နဲ့အတူတူ ကစားပေး တာ အဲဒီလိုမျိုးလေး တွေက ကိုယ်တိုင်ကိုယ် ကျ လုပ် ပေးဖြစ် တာဆိုတော့ထမင်း၊ ဟင်း တွေချက်တာ ဘာ ညာ လောက်ထိတော့ မလုပ်ဖြစ်ဘူးပေါ့။ ကို ပြေတီအတွက် လည်း တကူးတကလုပ်ပေးဖြစ်တာ လည်း မရှိပါဘူး။ ကိုပြေတီက ကြေး(ဂျီး)မများဘူး (ရယ်လျက်)။သူက ဘာဖြစ်ဖြစ် အဆင်ပြေ တယ်။ ဘယ်သူချက်ချက် သူ့ဗိုက်ထဲ ရောက် သွားရင်ပြီးတာပဲ။ အဲဒီ လိုမျိုးဆို တော့ သူ့အတွက်က တော့ သိပ်ပူ စရာမလိုဘူး(ရယ်လျက်)” လို့ပြော ပါတယ်။လက်ရှိမှာ မိသားစုအတွက် အချိန်ပေးဖြစ်ပုံ ကိုလည်း ”အလုပ်နဲ့ မိသားစုနဲ့အတွက်အချိန် ပေးဖြစ်တဲ့ အပိုင်းက တော့ သဘော အားဖြင့် ပင်တော့ ပင်ပန်းတယ်။ ခက်လည်း ခက်ခဲတယ်။ ဒီလိုလုပ်ရ တဲ့ အပိုင်းမှာတော့ ပျော်ပါတယ်။ အစ်မအရင် လိုဆိုရင် ဒီအလုပ် တစ်ခုကိုပဲ ဘယ်အချိန်မှာ ကိုယ့်ကို အလုပ် လာအပ်အပ် အမြဲလက်ခံပြီး ရိုက်ကူးပေးလို့ရ တယ်။ အခု ဒီကလေးတွေရှိလာတဲ့ နောက်ပိုင်း မှာကျတော့ ကိုယ့်ကိုလာ အပ်တဲ့ အလုပ်မှန်သမျှကို လက်မခံ နိုင်ဘူး။ ရုပ်ရှင်ဇာတ်ကားကြီးတို့ အချိန် အများကြီးပေးရမယ့်အရာမျိုး ဆိုရင် ကလေးတွေ ကျောင်းဖွင့်နေ တာနဲ့ အဆင်မပြေတဲ့ အတွက်ပါ။ ကိုယ် ပေးနိုင်တဲ့အချိန်မှာတော့ ပရိသတ်အတွက် အ ကောင်းဆုံးဖြစ်အောင် လုပ်ပေးဖြစ်တယ်”လို့ ပြောပါတယ်။
သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း