မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ခြင်းပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက စက္ခုပသာဒအကောင်းဆုံးဆုကိုရရှိခဲ့သည်။
ထို စိန်နားပန်မီးပုံးပျံပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှတ်တင်ပူဇော်သည့် သားကောင်းတမန်တို့၏စွမ်းအားသည် တိုင်းပြည်အတွက် အားမာန်တစ်ရပ်ဖြစ်သည်ကို ဖော်ကျူးပုံဖော်ထားသည့် “သားကောင်းတမန်ပြည့်အားမာန်” စိန်နားပန်မီးပုံးပျံသည် “စက္ခုပသာဒ အကောင်းဆုံးဆု” ကိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
