Saturday, September 5, 2026

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ်...

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့်...

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc...

ဟနွိုင်း၊ စက်တင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား...

နေပြည်တော်၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...
HomeMoviesမီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေကြေညာ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅

အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန် (Serian) ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။

ဆီရီယန်ခရိုင်၌ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် လေထုညစ်ညမ်းမှုအညွှန်း (API) ၅၂၁ အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ မလေးရှားနိုင်ငံကို သက်ရောက်မှုရှိလာချိန်မှစ၍ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။

ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာရန် မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ် အစ်ကန်ဒါက သဘောတူခွင့်ပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဆုံးဖြတ်ချက်ကို လေထုညစ်ညမ်းမှုဒဏ်ခံနေရသည့် ဒေသ၏ လေထုအရည်အသွေးအခြေအနေ၊ ဝန်ကြီးချုပ်၊ ဆာရာဝပ်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများ၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် ထိခိုက်ခံနေရသည့် ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန် ပိုမိုထိရောက်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်ကာ လေထုညစ်ညမ်းမှု လျှော့ချရေးအစီအမံများ၊ ပြည်သူများထံ လိုအပ်သည့် သတင်းအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ ဖြန့်ဝေခြင်းအပါအဝင် လိုအပ်သည့်လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဆိုသည်။

ဆာရာဝပ်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ပြည်နယ်အတွင်းရေးမှူး ဇိုင်နူဒင် အာမန်က လေထုညစ်ညမ်းမှုအညွှန်း API ၅၀၀ နှင့်အထက် ရောက်ရှိပါက မီးခိုးမြူဆိုင်ရာ အရေးပေါ်အခြေအနေ သို့မဟုတ် ဘေးအန္တရာယ်အခြေအနေ ကြေညာမည်ဖြစ်ကြောင်း ယခင်က ပြောကြားထားသည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက်...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair 2026 ကို IBC ၌ကျင်းပမည်

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် MAI Career Fair 2026 ကာလအတွင်း MAI ၏ HR Partner ဖြစ်သော JobNet ၏...

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာသို့ သွားရောက်လေ့လာ

ဟနွိုင်း၊ စက်တင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Van Phuc ပိုးထည်ရွာ (Silk Village) သို့ သွားရောက်လေ့လာခဲ့သည်။ ဦးစွာ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာသို့ ရောက်ရှိရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီနှင့် ပိုးထည်ရွာမှ တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071