Thursday, May 22, 2025

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင်...

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည်...

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်...

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး...

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ...
HomeInternationalမီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမွမ်ဘိုင်းမှာဆွေးနွေးကမ္ဘာ့သံကြားရုပ်မြင်နှင့်ဖျော်ဖြေရေးထိပ်သီးအစည်းအဝေး ၂၀၂၅ (WAVES...

မီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမွမ်ဘိုင်းမှာဆွေးနွေးကမ္ဘာ့သံကြားရုပ်မြင်နှင့်ဖျော်ဖြေရေးထိပ်သီးအစည်းအဝေး ၂၀၂၅ (WAVES 2025) ကိုအိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့တွင် မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ဂျီအိုဝေါကွန်ဗန်းရှင်းစင်တာတွင်ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူ့ရေးရာအရာရှိကြီးများ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပုံနှိပ်မီဒီယာ၊ ရုပ်မြင်သံကြား၊ အသံလွှင့်၊ ဒစ်ဂျစ်တယ်မီဒီယာများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ပရိဂျူဆာများ၊ ဇတ်ညွှန်းရေးဆရာများ နှင့် သတင်းမီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်မှ အမှုဆောင်အရာရှိချုပ်များတက်ရောက်ကြသည်။

ဤထိပ်သီးဆွေးနွေးပွဲကြီးသည် အိန္ဒိယ မီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းကို ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာပြီး ရုပ်/သံ၊ ရုပ်ရှင် နှင့် အသံလွှင့် လုပ်ငန်းများကို အိန္ဒိယ နိုင်ငံ နှင့် ပူးပေါင်းထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်သည့်အခမ်းအနားကြီးလည်းဖြစ်သည်။ အိန္ဒိယ နိုင်ငံ၏ မီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းကိုသိသိသာသာတိုးတက်‌လာစေရန်ရည်မှန်းထားပြီး၂၀၂၉ ခုနှစ်တွင် ဈေးကွက်ပမာဏကို အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ ရှိစေရန် မျှော်မှန်းထားသည်။

WAVES 2025 တွင်အနာဂတ်မျှော်မှန်းချက် (၇) ရပ်အနက်မှ တစ်ရပ်မှာ အိန္ဒိယကိုအဓိကကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဈေးကွက်ဖြစ်စေရေးပင်ဖြစ်သည်။ ကမ္ဘာ့မီဒီယာဈေးကွက်၌ အိန္ဒိယ၏ ‌ဝေစုကိုမြှင်တင်ရေးသည်လည်း နောက်ထပ်မျှော်မှန်းချက်တစ်ရပ်ဖြစ်သည်။ နောက်ထပ်စိတ်ဝင်စားဖွယ်မျှော်မှန်းချက်တစ်ရပ်မှာအ‌ရေးပါသောအစုစပ်လုပ်ငန်းများထူထောင်ကာကမ္ဘာတစ်ဝန်း
မှလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ဈေးကွက်လက်လှမ်းမီမှုကိုကျယ်ပြန့်စေရန်၊ ပူးပေါင်းထုတ်လုပ်ရန်နှင့်အပြန်အလှန်အင်အားဖြည့်တင်းပေးကြရန်ဖြစ်သည်။

WAVES 2025 ကို အပိုင်း (၉) ပိုင်းဖြင့်ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်မိုဒီနှင့် ကမ္ဘာ့ထိပ်တန်းအမှုဆောင်အရာရှိချုပ်များ၏စားပွဲဝိုင်းဆွေးနွေးပွဲသည် လွန်စွာမှ အရေးပါသကဲ့သို့ ကမ္ဘာတစ်ဝန်းမှ ပြည်ထောင်စုဝန်ကြီးများနှင့်မီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းမှထိပ်တန်းမူဝါဒချမှတ်သူများ၏ ဂလိုဘယ်မီဒီယာဒိုင်ယာ‌လော့ဂ်သည်လည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ပြပွဲ၊ပြိုင်ပွဲများလည်း ပါဝင်ပြီး တပြိုင်တည်း နေရာခွဲ၍ကျင်းပခြင်းဖြစ်ရာ သက်ဆိုင်ရာ၊ စိတ်ဝင်စားရာ နေရာဌာန များသို့ ပါဝင်တက်ရောက် ဆွေးနွေး ကြည့်ရှုနိုင်ကြသည်။ ဖျော်ဖြေရေး အစီအစဉ်များသည်လည်း အံမခန်းပင်။

အခမ်းအနား၌ဝန်ကြီးချုပ်နရင်ဒြာမိုဒီက အိန္ဒိယရုပ်ရှင်သည်နိုင်ငံကိုကမ္ဘာနှင့်ချိတ်ဆက်မိ‌စေကြောင်း၊ ဤအခမ်းအနားကြီး၌ပါရမီရှင်များပူးပေါင်း၍ စိတ်ကူးစိတ်သန်းအသစ်များကို ဖန်တီးကြလိမ့်မည်ဟုယုံကြည်ပါကြောင်း၊ WAVES ဆိုသောစကားလုံးသည် အတိုကောက် စကားလုံး သက်သက်မျှသာ မဟုတ်ဘဲအနက်ရင်းဖြစ်သော လှိုင်းကိုလည်းရည်ညွှန်ပါကြောင်း၊ ဖန်တီးသူနှင့်တီထွင်သူ တစ်သိန့်ခန့် WAVES တွင် ပါဝင်ကြောင်းတိုကို သူ၏အဖွင့်မိန်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။ လှိုင်းဟူသည် စွမ်းအင်ကြီးမားသဖြင့် WAVES 2025 သည် အိန္ဒြိယ ကို မီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်း၏ ဗဟိုအချက်အခြာဌာနဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါ‌ကြောင်းနှင့် ဖြစ်လာစေရန်လည်းဆန္ဒပြုအပ်ပါကြောင်း။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ " ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ အမိနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းအစဉ်အလာတွေကိုကောင်းစွာသိရှိနားလည်ထားရပါမယ်။ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ မျိုးချစ်လူငယ်တွေက ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ပြီး ပြည်သူလူထုရဲ့ တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းကြိုးပမ်းမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းသည်...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " လူရယ်လို့ဖြစ်လာရင် မိတ်ကောင်းဆွေမွန်ရှိဖို့လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ရင် စေတနာနဲ့ဝေဖန်ထောက်ပြမှုတွေဟာ မိတ်ဆွေအချင်းချင်းပြုမူပေးတတ်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ အဲ့လို မိတ်ဆွေကောင်းတွေကိုပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမယ့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင်လျှောက်လှမ်းနိုင်ကြမှာပဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့အတူ လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည့် မိမိတို့နိုင်ငံတော်ကြီးသည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071