မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံတွင် အိမ်ပေါင်း ၇သောင်းခန့် ရေလွှမ်းမိုးမှုဖြစ်ပွါး
ထိုင်းနိုင်ငံမှာ အပူပိုင်းမုန်တိုင်းဒန်းမုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွါးခဲ့ပြီး အဆိုပါမိုးကြီးခြင်းကြောင့် နေရာအချို့မှာရေကြီပြီး အိမ်ပေါင်း ၇သောင်းခန့်ရေနစ်မြုပ်ခဲ့ကာ ၆ဦးသေဆုံးခဲ့တယ်။
မုတ်သုံရာသီမိုးကြီးခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး အစိုးရအဖွဲ့အစည်း များကလည်း အဆိုပါအနေအထားကို ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Nakhon Ratchasima ဒေသရဲ့မြောက်ဖက်မှာရှိတဲ့ ရေလှောင်ကန်တစ်ခုမှာလည်း ရေလျှံမှုဖြစ်ပွါးခဲ့ပြီး အနီးနားကရွာတွေနဲ့လမ်းတွေကို ရေလွှမ်းမိုး ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့မိုးလေဝသပညာရှင်များက ယခုရက်သတ္တပတ် အတွင်း နိုင်ငံနေရာ အနှံ့အပြားမှာ မိုးကြီးနိုင်ကြောင်းကို ကြိုတင်ခန့်မှန်း ထား ကြပြီး ကြိုတင် ပြင်ဆင်ထားမှုတွေလည်း လုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် အတွင်းကလည်း ဗီယက်နမ်နိုင်ငံအလယ် ပိုင်းကို မုန်တိုင်းဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်ခဲ့သေးတယ် လို့ လည်း သတင်းတစ်ရပ်ထုတ်ပြန်ထားပါတယ်။