Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeInternationalမိုးလေကြီးမှုကြောင့် ပါကစ္စတန်၌ လူ...

မိုးလေကြီးမှုကြောင့် ပါကစ္စတန်၌ လူ ၂၇ ဦးသေဆုံး

ပီရှာဝါ၊ဇွန် ၁၁

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်ရှစ်ဦးအပါအဝင် အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန် ၁၁ ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူကလေးရှစ်ဦးအနက် ငါးဦးမှာမောင်နှမများဖြစ်ကြပြီး အသက်နှစ်နှစ်မှဆယ့်တစ်နှစ်ကြားအရွယ်များဖြစ်ကြသည်ဟုဆိုသည်။

အိမ်ခေါင်မိုးနှင့်နံရံများပြိုကျမှုကြောင့် လူ ၁၂ ဦးခန့်ပိတ်မိကာ‌အသက်ဆုံးရှုံးသွားကြသည်ဟုလည်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

လူပေါင်း ၁၄၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိကာ ကျွဲ၊နွားကောင်ရေ ၂၀၀ ကျော်လည်းသေဆုံးခဲ့သည်ဟုသိရသည်။

မုန်တိုင်းသည် ပါကစ္စတန်၊အိန္ဒိယကမ်းရိုးတန်းတစ်လျှောက် ဆက်လက်ဦးတည်နေသဖြင့် လူဦးရေ သန်း ၂၀ ခန့်နေထိုင်သော ဆိပ်ကမ်းမြို့ကာရာချီအပါအဝင် ဆင့်ဒ်ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက်မှ မိသားစု ၈,၀၀၀ မှ ၉,၀၀၀ ကြားကို စတင်ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်များကပြောကြားခဲ့သည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌မူ မုန်တိုင်းသည် ဂူဂျာရတ်ပြည်နယ် အနောက်ဘက်ခြမ်းရှိ Saurashtra နှင့် Kutch ဒေသများကို ဖြတ်ကျော်ဝင်ရောက်ဖွယ်ရှိကြောင်း မိုးလေဝသဌာနကတနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့သည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071