ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် နောက်ဆုံးခြေစစ်ပွဲကို ဘာရိန်းနှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ် ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးအသင်းမှာ ဒုတိယပိုင်းပွဲချိန်၌ မိုးရွာသွန်းမှုနှင့်အတူ နောက်ထပ် သွင်းဂိုး ၃ ဂိုးသွင်းဖြင့် ပွဲပြီးဆုံးချိန် မိနစ် ၉၀အတွင်း ၆ ဂိုးသွင်းယူ အနိုင်ရရှိခဲ့ပြီဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ပထမပိုင်းပွဲချိန်တွင် သွင်းဂိုး ၃ ဂိုး၊ ဒုတိယပိုင်းပွဲချိန်တွင် သွင်းဂိုး ၃ ဂိုး စုစုပေါင်း သွင်းဂိုး ၆ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ ပွဲစဉ်တွင် မြန်မာအသင်း၏ အပိုင်သွင်းဂိုးများကို ဘာရိန်းဂိုးသမားက ခုခံကာကွယ်မှုကြောင့်သာ နောက်ထပ်သွင်းဂိုးများမရရှိခဲ့ခြင်းဖြစ်သည်ကိုတွေ့မြင်ရသည်။
ဘာရိန်း-မြန်မာပွဲစဉ်အား မြန်မာပရိတ်သတ်အနေဖြင့် မိုးရွာသွန်းမှုများအကြားကွင်းအတွင်း လာရောက်အားပေးမှု များပြားသည်ကိုလည်း တွေ့ရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် ခြေစစ်ပွဲ၌ တာ့ခ်မင့်နစ္စတန်အသင်းကို ၈ ဂိုးပြတ်အနိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ဘာရိန်းအသင်းကို ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိထားပြီဖြစ်သည်။