မိုင်းဖုန်းဆရာတော်အနေဖြင့် ဝါတွင်းကာလ၌ မိုင်းလားအထူးဒေသ (၄) ရှိ မိုင်းဟေ့မိုင်းခန် ၊ ဖပတ်ဖါးစန့်ဂူအတွင်း၌ သီတင်းသုံးကာ တရားကျင့်ကြံအားထုတ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဆရာတော်ကြီး တရားကျင်ကြံ အားထုတ်မည့် နေရာသို့ ဇူလိုင်(၄) ရက်ကရောက်ရှိခဲ့ပြီး ဆရာတော်၏ တပည့်သာဝကများလိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။
မိုင်းဖုန်းဆရာတော်ကြီးသည်ဝါတွင်းကာလသတင်းသီလဆောက်တည်ရန်အတွက်ဇူလိုင်် (၂)ရက်မှ စတင်ကာတာချီလိတ်မြို့နယ်၊ မိုင်ဖုန်းကျောင်းတိုက်မှ မိုင်းလားမြို့သို့ ကြွရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – Sao Su kham