ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/သူ ၈၇ ဦးအား အထူးလျော့ရက်များခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ အထူးလျော့ရက်ခံစားခွင့်ပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်(ယနေ့) နံနက် ၁၀ နာရီက မိုင်းဆတ်အကျဥ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးပြီးနောက် အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သည့် အကျဥ်းသား/သူ “က”အဆင့် ၆၆ ဦး၊ “ခ” အ ဆင့် ၇ ဦး၊ “ဂ”အဆင့် ၁၄ ဦး(စုစုပေါင်း ၈၇ ဦး)တို့အား အထူးလျော့ရက်များခံစားခွင့်ပြုခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/သူ များအား မိမိတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအ တွက် ပြစ်ဒဏ်ကျခံနေရစဉ် အကျဉ်းဦးစီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရေး၊ကျန်းမာရေးဂရုစိုက်နေထိုင်ရေး၊ပြစ် ဒဏ်ကျခံနေစဉ်အတွင်း တစ်ဦးနှင့်တစ်ဦးဖေးမကူညီစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာနေ ထိုင်ရေးနှင့်ပြစ်ဒဏ်မှလွတ်မြောက်ပါက ကောင်း မွန်စွာနေထိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

