မိုင်တဲလ်ရုံးချုပ်က GM ကိုသေနတ်နဲ့ပစ်သတ်ခဲ့တဲ့ YRF အဖွဲ့ဝင်လေးယောက်ကိုဖမ်းမိ
နိုဝင်ဘာ ၄ ရက်က မရမ်းကုန်းမြို့နယ်မှာနေတဲ့ မိုင်တဲလ်ရုံးချုပ်က GM ဦးသိန်းအောင်ကို နေအိမ်ရှေ့မှာသေနတ်နဲ့ပစ်သတ်ခဲ့ကြတဲ့ YRF အဖွဲ့ဝင် လေးယောက်ကို လုံခြုံရေးအဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
အခင်းဖြစ်တုန်းက အမျိုးသားသုံးယောက်စီးလာတဲ့စက်ဘီးနောက်မှာကပ်ပါလာတဲ့ Hyundai Accent ကားကိုစုံစမ်းရာကနေ ပြစ်မှုကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ စစ်ဇော်ကံ(ခ)ဟန်သာထွန်း(၁၉)နှစ်နဲ့ဖြိုးအိကျော်(၂၄)နှစ်တို့ကို မင်္ဂလာဒုံမြို့နယ်မှာဖမ်းမိခဲ့ပါတယ်။
စစ်ဇော်ကံကိုစစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ ဗညားစိုးထက်(ခ)လီယို(၂၃)နှစ်နဲ့စိုင်းစည်သူ(၃၅)နှစ်တို့ကို ထပ်ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိတဲ့လေးယောက်ဟာ YRF အဖွဲ့ဝင်တွေဖြစ်ပြီး ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ဗုံးဖောက် ခွဲမှုတွေ အကြမ်းဖက်ပစ်ခတ်မှုတွေလုပ်ဖို့အတွက် YUG အဖွဲ့ကခိုင်းစေခြင်းဖြစ်သလို YUG ရဲ့လက်အောင်မှာအဖွဲ့ငယ် ၁၂ ဖွဲ့ရှိတယ်လို့ ဖော်ထုတ်ရရှိခဲ့ပါတယ်။
ဖမ်းမိသူလေးယောက်ကို ဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ဖို့အတွက်ခိုင်းစေသူတွေကို ထပ်ဖမ်းမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။
Zaw Gyi
မိုင္တဲလ္႐ုံးခ်ဳပ္က GM ကိုေသနတ္နဲ႔ပစ္သတ္ခဲ့တဲ့ YRF အဖြဲ႕ဝင္ေလးေယာက္ကိုဖမ္းမိ
နိုဝင္ဘာ ၄ ရက္က မရမ္းကုန္းၿမိဳ႕နယ္မွာေနတဲ့ မိုင္တဲလ္႐ုံးခ်ဳပ္က GM ဦးသိန္းေအာင္ကို ေနအိမ္ေရွ႕မွာေသနတ္နဲ႔ပစ္သတ္ခဲ့ၾကတဲ့ YRF အဖြဲ႕ဝင္ ေလးေယာက္ကို လုံျခဳံေရးအဖြဲ႕က နိုဝင္ဘာ ၈ ရက္ေန႔မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။
အခင္းျဖစ္တုန္းက အမ်ိဳးသားသုံးေယာက္စီးလာတဲ့စက္ဘီးေနာက္မွာကပ္ပါလာတဲ့ Hyundai Accent ကားကိုစုံစမ္းရာကေန ျပစ္မွုက်ဴးလြန္ရာမွာပါဝင္ခဲ့တဲ့ စစ္ေဇာ္ကံ(ခ)ဟန္သာထြန္း(၁၉)ႏွစ္နဲ႔ၿဖိဳးအိေက်ာ္(၂၄)ႏွစ္တို႔ကို မဂၤလာဒုံၿမိဳ႕နယ္မွာဖမ္းမိခဲ့ပါတယ္။
စစ္ေဇာ္ကံကိုစစ္ေဆးေဖာ္ထုတ္ခ်က္အရ ျပစ္မွုက်ဴးလြန္ရာမွာပါဝင္တဲ့ ဗညားစိုးထက္(ခ)လီယို(၂၃)ႏွစ္နဲ႔စိုင္းစည္သူ(၃၅)ႏွစ္တို႔ကို ထပ္ဖမ္းမိခဲ့ပါတယ္။
ဖမ္းမိတဲ့ေလးေယာက္ဟာ YRF အဖြဲ႕ဝင္ေတြျဖစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္းက ၿမိဳ႕နယ္ေတြမွာ ဗုံးေဖာက္ ခြဲမွုေတြ အၾကမ္းဖက္ပစ္ခတ္မွုေတြလုပ္ဖို႔အတြက္ YUG အဖြဲ႕ကခိုင္းေစျခင္းျဖစ္သလို YUG ရဲ့လက္ေအာင္မွာအဖြဲ႕ငယ္ ၁၂ ဖြဲ႕ရွိတယ္လို႔ ေဖာ္ထုတ္ရရွိခဲ့ပါတယ္။
ဖမ္းမိသူေလးေယာက္ကို ဥပေဒအရအေရးယူေဆာင္ရြက္သြားမွာျဖစ္ၿပီး ျပစ္မွုက်ဴးလြန္ဖို႔အတြက္ခိုင္းေစသူေတြကို ထပ္ဖမ္းမိဖို႔အတြက္ စုံစမ္းစစ္ေဆးေနပါတယ္။