ရခိုင်ပြည်နယ် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Won Bae Dahn က ဝမ်(၅)သန်း လှူဒါန်းခဲ့သည်။
မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Won Bae Dahn လှူဒါန်းသည့် ဝမ် ၅ သန်းအား ၎င်းကိုယ်စား မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး Ms. Young-Hee Cho က ဇွန်လ ၉ ရက် (ယနေ့) နံနက် ၁၁ နာရီက တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံး (ဆိုးလ်မြို့)သို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လာရောက်လှူဒါန်းသည့် ဝမ် (၅)သိန်းအား မြန်မာသံအမတ်ကြီး ဦးသန့်စင်က လက်ခံရယူ၍ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးက “မိုခါ”မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားကာ မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့် Mr. Won Bae Dahn နှင့် ကိုယ်စားလာရောက်လှူဒါန်ပေးသည့် Ms. Young-Hee တို့ကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။