“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅၃၈) ကျောင်းအနက်မှ ကျောင်းပေါင်း (၃၇၅) ကျောင်းအား ပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးခဲ့သည့် ကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့် သတ်မှတ်၍ ပြန်လည်ပြုပြင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်ဆဲ အခြေခံပညာကျောင်း (၉၉၀) နှင့် ပြုပြင်ရန် ကျန်ရှိသည့် အခြေခံပညာကျောင်း (၁၇၃) ကျောင်းကို ဆက်လက်ပြုပြင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ကျောင်းများ ပြန်လည်ပြုပြင်နေမှုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းတို့သည် ဇွန် (၁၁) ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန် (၁၀) ရက်အထိကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၄၇၅၃၆၀ ရှိကြောင်း သိရသည်။