မိုခါမုန်တိုင်းဒဏ်ကြောင့် တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုပြတ်တောက်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည့် ရခိုင်၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ MPT သုံးစွဲသူများအား ဝန်ဆောင်မှုပြတ်တောက်ခဲ့ရသည့် ကာလအတွင်း သက်တမ်းကုန်ဆုံးခဲ့သော ၎င်းတို့၏ Data နှင့် Voice ပက်ကေ့ချ်များ၊ ထောဘီပက်ကေ့ချ်၊ Missed call Alert နှင့် ခေါ်သူနားဆင်တေးသံစဥ်(CRBT) ဝန်ဆောင်မှုများအား ပြန်လည်ဖြည့်သွင်းပေးသွားမည်ဖြစ်ကြောင်း MPT မှ အသိပေးထုတ်ပြန်ကြေညာထားသည်။
ဇူလိုင်လ ပထမပတ်မှစတင်၍ MPT ၏ မိုဘိုင်းကွန်ရက်များအားလုံး ပုံမှန်အတိုင်းပြင်ဆင်နိုင်ခဲ့ပြီးဖြစ်ကာ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများအားလုံးကို မူလအတိုင်း ပြန်လည် အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုပြတ်တောက်ခဲ့သောဒေသများရှိ MPT သုံးစွဲသူများ၏ ဝယ်ယူထားရှိခဲ့သည့် Data နှင့် အသံပက်ကေ့ချ်များ၊ ထောဘီပက်ကေ့ချ် နှင့် Unlimited VAS ပက်ကေ့ချ်များအား အသုံးပြုနိုင်ရန် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှစတင်၍ ပြန်လည်ဖြည့်ဆည်း ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယင်းကြောင့်သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှု ပြန်လည်ဖြည့်ဆည်းပေးထားကြောင်း MPT က ပေးပို့သည့် စာတိုကို လက်ခံရရှိမည်ဖြစ်ပြီး *224# (သိုမဟုတ်) MPT4U မှတစ်ဆင့် စစ်ဆေးနိုင်မည်ဖြစ်သည်။
ယင်းသို့ ပြန်လည်ဖြည့်ဆည်းပေးထားသည့် ပက်ကေ့များသုံးစွဲနိုင်သည့်သက်တမ်းမှာ ၇ ရက်ဖြစ်ပြီး စာတိုရရှိချိန်မှစတင်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
MPT အနေဖြင့် ရခိုင်ဒေသရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို အထောက်အပံ့ပြုမှုများ အပါအဝင် အင်တာနက်ဒေတာနှင့် ဖုန်းခေါ်ဆိုမှုများ အခမဲ့ပေးအပ်ခြင်းတို့အတွက် ပမာဏအနေဖြင့် လက်ရှိအချိန်အထိ ကျပ်ငွေသန်းပေါင်း ၁၈,၉၄၀ ခန့်ကို ထောက်ပံ့ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။