Tuesday, January 13, 2026

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုနှင့် ထရမ့်ပ် တွေ့မည်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကရာကတ်စ်ရှိ ယာယီအစိုးရခေါင်းဆောင်ပိုင်းအပေါ် ဖိအားများတိုးမြင့်လာချိန်တွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် ယခုသီတင်းပတ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမိုခါဒဏ်သင့်ဒေသများသို့ကူညီမူများကို ကုန်သည်စက်မှုအသင်းချုပ်မှ တစ်ဆင့်...

မိုခါဒဏ်သင့်ဒေသများသို့ကူညီမူများကို ကုန်သည်စက်မှုအသင်းချုပ်မှ တစ်ဆင့် လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ အချိန်မီလှူဒါန်းနိုင်ရေးအတွက် UMFCCI အသင်းချုပ်အနေဖြင့် Task Force ဖွဲ့စည်း၍ဆောင်ရွက်ခဲ့ရာ အမိုးသွပ်ပြားများ၊ သွပ်ရိုက်သံများ၊ ဆန်၊ ဆီ၊ ငါးသေတ္တာစည်သွပ်ဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ဆေးဝါးများ၊ သောက်ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှူငွေများကို ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့်အသင်းချုပ်မှတစ်ဆင့် ထိရောက်စွာလှူဒါန်းနိုင်ခဲ့သည်။

အလှူပစ္စည်းများ ကုန်သည် စက်မှုအသင်းချုပ်မှတစ်ဆင့် လှူဒါန်းခဲ့သော အသင်းချုပ် ဗဟိုအလုပ် အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက မိမိတို့ ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အသင်းချုပ်မှ မတည် လှူဒါန်းငွေ ကျပ်သိန်း (၂,၀၀၀) အပါအဝင် ငွေသားကျပ်သိန်း (၆,၀၀၀) ကျော်နှင့်ပစ္စည်းတန်ဖိုး ကျပ်သိန်း (၃,၂၀၀) ကျော် လက်ခံရရှိခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသမှာရှိတဲ့ ပြည်သူများထံ အချိန်မီ ပေးပို့နိုင်ခဲ့ကြောင်းပြောသည်။

“အားလုံး၏ကူညီပံ့ပိုးမှုများဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အခက်အခဲများကို တတ်စွမ်းသရွေ့ လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုလှူဒါန်းထားတဲ့ပစ္စည်းများကို လက်ခံရရှိခဲ့တဲ့ ပြည်သူများအနေနဲ့လည်း လက်တွေ့အသုံးဝင်ပြီး လိုအပ်တဲ့အချိန်မှာ ရရှိတဲ့အတွက်လည်း ကျေးဇူးတင်ဝမ်းသာကြမယ်လို့ ယုံကြည်ပါတယ်” ဟု၄င်းကပြောကြားခဲ့သည်။

ဆက်လက်၍ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသောထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် UMFCCI Task Force ဥက္ကဋ္ဌဖြစ်သူ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက Task Force ၏ လှုပ်ရှားဆောင်ရွက်ခဲ့မူများနှင့် အလှူငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက မုဒိတာ စကားပြောကြားခဲ့ပါသည်။

ယင်းနောက် အလှူရှင်များအား အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အသင်းချုပ်သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ချက်များအပေါ်မူတည်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်ပါက သက်ဆိုင်ရာ ညီနောင်အသင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ၊ တောင်သူ လယ်သမားများ အချိန်မီကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများ မဖြစ်ပေါ်စေရေးတို့အတွက် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခြင်း၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းစေရေး အတွက် ညီနောင်အသင်းများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ-UMFCCI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal ၌လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆန်တန်ချိန် (၅၀၀)ပေးပို့လှူဒါန်းမည့် စာရွတ်စာတမ်းများအား မြန် မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma ထံပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071