Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeInternationalမိသားစု အန္တရာယ် ...

မိသားစု အန္တရာယ် စွန့်စားကယ်တင်သူ It Comes at Night

maxresdefault

ဒီဇာတ်ကားက ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းမှာ ထွက်ရှိပြီး နိုင်ငံတကာ ရုပ်ရှင်ရုံတွေမှာ ရုံတင် နေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါ တယ်။ ဒါရိုက်တာ ‘ထရေး ဘက်ဒဝပ် ရှလုဒ်’က သူကိုယ်တိုင် ဇာတ်ညွှန်း ခွဲပြီး ရိုက်ကူးခဲ့တာပါ။ ပြသမှု ၉၁ မိနစ်ကြာမြင့်တဲ့ အမေရိကန်ဇာတ် ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် တွေအဖြစ် ပါဝင်ထားသူတွေကတော့ ‘ဂျိုးအက် ဂါတန်၊ ကာမန်အီဂျိုရိုးနဲ့ ခရစ္စတိုဖာ အက်ဘော့ဘ်’တို့ ဖြစ်ကြပါတယ်။

ဒီဇာတ်ကားရုံတင်ရက် အချိန် တိုလေးအတွင်းမှာပဲ ရုပ်ရှင်ဝေဖန် သူ ပညာရှင်များရဲ့ အကောင်းမြင် မှတ်ချက်ပေးတာတွေနဲ့အတူ ရုံဝင်စာရင်းမှာ အအောင်မြင်ဆုံး ငွေကြေးတွေကို ပြန်လည်ရရှိထား ပြီးပြီလို့ ဆိုပါတယ်။

it-comes-at-night

အမေရိကန် သည်းထိတ်ရင်ဖို ရုပ်ရှင်ပါ။ ကမ္ဘာကြီးကို ဘယ်သူမှ မျှော်လင့်မထားမိတဲ့ ကပ်ရောဂါလို ကြမ္မာဆိုးကြီး ရုတ်တရက် ဘွားကနဲ ပေါ်ပေါက်လာတဲ့ အချိန်မှာ ဇနီးမယားနဲ့ သားဖြစ်သူအတွက် လုံခြုံမှုရှိမယ့် ကျေးလက်တောရွာ က မိသားစုဆီကို အိမ်ထောင်ဦးစီး ဖြစ်တဲ့ ‘ပေါလ်’ဟာ လှမ်းပြီးအကူ အညီ တောင်းလိုက်ပါတယ်။

ကပ်ရောဂါဆိုးက လွတ်မြောက် ဖို့ ကြိုးပမ်းနိုင်ခဲ့ပေမယ့် အရိပ်တစ် ခုကို ယုံကြည်အားကိုးပြီး ခိုလှုံပေး တဲ့ တောရွာက မိသားစုဆီကို ညဘက်အချိန်မှာ ကျရောက်လာတဲ့ မိစ္ဆာဆိုးရဲ့ လက်ကနေ လွတ်မြောက် အောင် ထပ်ပြီးကြိုးစားရတဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်လှုပ် ရှားဖွယ်ရာ သတ္တိကို မြင်တွေ့ကြရ မှာဖြစ်ပါတယ်။ ပြင်ပလောကမှာ ရောဂါဆိုး ပျံ့နှံ့နေလို့ ‘ပေါလ်နဲ့ ဇနီး သည် ဆာရာ’တို့ဟာ သားဖြစ်သူ ဆယ်ကျော်သက်အရွယ် ကလေးငယ် ‘ထရာဗစ်’နဲ့အတူ  တောကမိသားစု အိမ်မှာခိုလှုံပြီး နောက်တစ်ညမှာ လူတစ်ယောက် ကျူးကျော်ဝင်ရောက် လာတာကို တွေ့လိုက်ရပါတယ်။ အဲဒီလူမှာ ရောဂါ ရှိ/မရှိ အတည်ပြု နိုင်ဖို့ မလွယ်သေးတဲ့အတွက် ဖမ်းပြီး သစ်ပင်မှာ ကြိုးနဲ့တုပ်ထားလိုက် တယ်။

အဲဒီလူစိမ်းက ဒီအိမ်ဟာ လူ မနေတဲ့ အိမ်မှတ်လို့ ဝင်ပြီးရေသန့် လာရှာတာ ပါလို့ ဝန်ခံတယ်။ ပေါလ် တို့မိသားစု က အဲဒီလူကို ကြင်နာ တတ်တဲ့ စိတ်ထားနဲ့ လာရာလမ်း အရပ်ကို ပြန်ပို့ပေမယ့်လမ်းမှာ လူစိမ်း ယောက်ျားနှစ်ယောက်ရဲ့ ချုံခို တိုက် ခိုက်တာကို ခံရပါတယ်။

ဒီလူကို လက်ခံမိတဲ့အတွက် ပေါလ်မှာအသက်စွန့် တိုက်ခိုက်ရ တာတွေဖြစ်ပြီး လွတ်မြောက်ခဲ့ပေ မယ့် မိမိရဲ့ဇနီးနဲ့သားဆီ ပြန်           မရောက်တော့ဘဲ အဲဒီလူစိမ်း ‘ဝေလ်’ ဆိုတဲ့လူရဲ့ မိသားစုနဲ့ အတူနေဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

သူတို့နေထိုင်တဲ့ တောအုပ်ထဲ မှာရှိနေတဲ့ မိသားစုနှစ်စုအတွက် အမှန်တကယ် အန္တရာယ်ရှိနေတယ် ဆိုတာကို သိလိုက်ရချိန်ဟာ နောက် ကျသွားခဲ့ပါတယ်။ ညမိုးချုပ်တဲ့အ ချိန်ရောက်မှ ရောက်လာတဲ့ အန္တရာယ်ကို ရှောင်လို့မရနိုင်တော့ ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ‘ပေါလ်’ဟာ မိမိရဲ့မိသားစုအရင်း အချာကိုသာ ကာကွယ်ဖို့ အသက်စွန့် ကြိုးပမ်းရပါတော့တယ်။

ဝင်းကိုမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071