အလွမ်းအဆွေး သီချင်းများ နဲ့ မြူးမြူးကြွကြွ သီချင်းတွေပါ သီဆိုလေ့ရှိတဲ့ အဆိုတော် Lဆိုင်းဇီကတော့ ဆယ်စုနှစ် တစ်ခုကျော် ပရိသတ် အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ အခု လတ်တလောမှာ အိမ်မက်ဆုံရာ (ရာသက်ပန်) Season -5 မှာလည်း အကဲဖြတ် ဒိုင် တစ်ဦး အဖြစ် ပါဝင်ခဲ့ပါတယ်။ “ကြေကွဲရလိမ့်မယ်” နဲ့ “အစွဲလမ်းကြီးသူ” စတဲ့ တစ်ကိုယ်တော် တေးစီးရီးနှစ်ခွေ ထွက်ရှိ ခဲ့ပြီး သူမရဲ့တတိယမြောက် တေးစီးရီးအခွေ ထွက်ရှိဖို့လည်း ကြိုးစား နေပါတယ်။
သူမရဲ့ တတိယမြောက် တေးစီးရီးနဲ့ ပတ်သက်ပြီး… “တတိယ အခွေ လုပ်နေပါတယ်။ သီချင်းတွေ စသွင်းနေပါပြီ။ ဒီအခွေလေး ကတော့ ထူးထူးခြားခြား လေး လုပ်ထားပါတယ်။ ဒီခွေထဲမှာ အစ်မရဲ့အစ်ကို ပါမယ်။ နောက်ပြီး စုံတွဲသီချင်းတွေ လည်းပါမယ်။ အစ်မရဲ့အဒေါ် Lခွန်းရီ နဲ့လည်း သီချင်းတွေ အရင်တွဲမဆိုဖြစ်ဘူး။ ဆိုထားတာ ဆိုလို့ “ယူ” ဆိုတဲ့ သီချင်း တစ်ပုဒ်ပဲ ရှိတယ်။ ဒီခွေထဲမှာ အဒေါ်နဲ့အတူ တွဲ ဆိုမယ့် သီချင်းတွေလည်း ပါဝင်ပါတယ်။ တေးစီးရီး နာမည်ကတော့ စဉ်းစားထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ လောလော ဆယ်တော့ မပြောသေးပါဘူး။ ကောင်းကင် နဲ့ပတ်သက်တဲ့ စကားလုံးပါပဲ။ ၁ဝလပိုင်းနဲ့ ၁၂လပိုင်းလောက် Audio ခွေထွက်ဖြစ်အောင်တော့ လုပ်နေပါတယ်” လို့ ပြောခဲ့ ပါတယ်။
ဇော်ဝင်းအောင်
