Monday, January 20, 2025

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင်...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...
HomeNewsLocal Newsမိသားစုလွှဲပို့ငွေ အထောက်ထားများကို လကုန်ပြီး...

မိသားစုလွှဲပို့ငွေ အထောက်ထားများကို လကုန်ပြီး (၅)ရက်အတွင်း ပေးပို့ရမည် ဖြစ်ကြောင်းဆို

ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်ထားများကို အထောက်အထား ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး (၅) ရက်အတွင်း မပျက်မကွက် ပုံမှန်ပေးပို့ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် စေလွှတ်လချုပ်စာရင်းများ ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီ (၂၀၀)ကျော်ခန့်ရှိနေဆဲဖြစ်ပြီး ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီများအနေဖြင့်လည်း အမြန်ဆုံးပေးပိူ့ရန် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဆိုသည်။

လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူနေကာ အချိန်မီ ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမည် ဖြစ်ကြောင်းလည်း ပြောသည်။

အေဂျင်စီမှ စေလွှတ်ခဲ့သည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% အား (၁)လလျှင်တစ်ကြိမ် သို့ မဟုတ် (၃)လလျှင် (၁)ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားပြီး ဖြစ်သည်။

ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အေဂျင်စီများကို ပြည်ပကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းခြင်း စသည့် အရေးယူမှုများ ဆောင်ရွက်နေသည်။

အရေးယူခံရသည့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလု ပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုနည်းတူ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့်လည်း ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) လျှောက်သည့်အခါ သက်ဆိုင်ရာနိုင်ငံဆီသွားမည့် လေယာဥ်လက်မှတ်ပြနိုင်မှသာ လက်ခံတော့မည်ဖြစ်ကြောင်းလည်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ပြောကြားသည့် မိန့်ခွန်း၌ ကတိပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အစိုးရ၏Home for Thais အစီအစဉ်ကို စတင်လိုက်ပြီးနောက် လူပေါင်း ၃၁ သန်းက တိုက်ခန်းအတွက် စာရင်းသွင်းရန် စိတ်ဝင်စားကြောင်းဖော်ပြခဲ့ကြပြီး သိန်းနှင့်ချီ၍ မှတ်ပုံတင်ထားပြီဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်မည့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲများမတိုင်မီ တနင်္ဂနွေနေ့က Bueng Kan...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂)...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071