Thursday, January 16, 2025

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက်...
HomeInternationalမိမိတို့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည့် အမေရိကန်ထောက်လှမ်းရေးလေယာဉ်များကို...

မိမိတို့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည့် အမေရိကန်ထောက်လှမ်းရေးလေယာဉ်များကို ပစ်ချမည်ဟု မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယားသည် မိမိတို့က အစစအရာရာကို ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးနေချိန်တွင် မိမိတို့ လေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက်လာကြသည့် အမေရိကန်ပြည်ထောင်စုမှ ထောက်လှမ်းရေးလေယာဉ်များအနေဖြင့် ပစ်ချခံရနိုင်ကြောင်း တနင်္လာနေ့(ဇူလိုင် ၁၀ ရက်)တွင် သတိပေးခဲ့သည်။

အမေရိကန်၏ ရန်စသည့် စစ်ရေးဆောင်ရွက်မှုများသည် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား ပဋိပက္ခဆီသို့ ချဉ်းကပ်လာနေကြောင်း မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၏ တရားဝင် KCNA သတင်းဌာနမှ ထုတ်ပြန်ချက်တွင် အမည်မဖော်လိုသူ အမျိုးသားအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်တို့သည် ကိုရီးယားကျွန်းဆွယ်အနီးတွင် နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်လာသလို၊ ကင်းထောက်လေယာဉ်များနှင့် ဒရုန်းများ အသုံးပြုလာခြင်းကြောင့် တင်းမာမှုများ မြင့်တက်လာစေရန် အမေရိကန်ကပြုလုပ်နေသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အမေရိကန်လေတပ်ရဲ့ ဗျူဟာမြောက် ကင်းထောက်လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ မတော်တဆမှုမျိုး ဖြစ်မလာဘူးဆိုတာ အာမမခံနိုင်ပါဘူး” ဟု ကိုရီးယားအရှေ့ဘက် ရေပြင်နှင့်ပတ်သက်သည့် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တောင်ကိုးရီးယားနယ်စပ်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မြောက်ကိုရီးယားက အမေရိကန်လေယာဉ်ကို ကြားဖြတ်ပစ်ချခြင်း သို့မဟုတ် ကြားဖြတ်ပစ်ခတ်မှု၏ အတိတ်ဖြစ်ရပ်များကိုလည်း ပြန်လည်ဖော်ထုတ်ကာကိုးကားဖော်ပြထားသည်။

မှတ်ချက်ပေးရန် တောင်းဆိုချက်အပေါ် တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းပြောကြား

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှတည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်၍ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ယခုနှစ်တွင် နှစ်(၅၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၅၀)အတွင်း နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေးကဏ္ဍများအပြင် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများတွင်ပါ ခိုင်မာသောဆက်ဆံရေးကိုမြှင့်တင်နိုင်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များကို မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071