Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsမိဘ၂ပါးအကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်...

မိဘ၂ပါးအကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ် အွန်လိုင်းမှာ ဖြန့်ချီမယ့် စိုးပြည့်သဇင်

Soe-Pyae-Thazin

စက်တင်ဘာလ ၂၂ရက်နေ့ မွေးနေ့ရှင် စိုးပြည့်သဇင်က  မကြာခင်ကျရောက် တော့မယ့် သူ့ရဲ့မွေးနေ့မှာ ချစ်တဲ့မိဘဆွေမျိုးများ၊ ပရိသတ်များနဲ့အတူ အလှူ အတန်းများပြုလုပ်ကာ မွေးနေ့ကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင်ကို သူ့ ရဲ့မွေးနေ့မှာ ကျေးဇူးရှင် မိဘ ၂ပါးအတွက်လည်း အမှတ်တရဖြစ်အောင် အစီ အစဉ်တစ်ခု ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး စိုးပြည့်သဇင်က “စိုးပြည့်အတွက်က မိဘမေတ္တာနဲ့ ပတ်သက်ပြီးဆိုတာက ပထမဦး ဆုံးပါပဲ။ စိုးပြည့်တစ်ခါမှ မဆိုဖူးဘူးပေါ့နော်။ စိုးပြည့် အရင်ကတည်းကလည်း ဆိုချင်တယ်။ ဒါပေမဲ့ များသောအားဖြင့် အမေ့အတွက် သီချင်းကို  ရေး စပ်ကြတာများတယ်။ နောက်တစ်ခုက တစ်ယောက်ချင်းစီရဲ့ ဂုဏ်ကိုပဲ ရေးစပ်ကြတာ များတယ်ပေါ့နော်။ အဲဒီတော့ စိုးပြည့်က ကိုညီ မင်းခိုင်ကို မိဘသီချင်းလေး တစ်ပုဒ်လောက် စိုးပြည့်ဘဝမှာ အမှတ်တရ ဆိုချင်တယ်။ နောက်ပြီးတော့ မိဘဆိုလည်း မိခင် တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ မိဘဆိုတာ ၂ ပါး စလုံးက ကျေးဇူးရှိတယ်လေ။

အဲဒီတော့  ဒီ၂ ယောက်စလုံး အတွက် စိုးပြည့်ကိုယ်တိုင်လည်း အမှတ်တရဖြစ်မယ့် သီချင်း လေးတစ်ပုဒ် ဖန်တီးပေးပါဆိုတဲ့အခါကျတော့ ဒီသီချင်းလေး ကို ဖန်တီးဖြစ်တယ်ပေါ့နော်။ အစကတော့ မွေးနေ့မှာထွက်ရှိ ဖို့ အစီအစဉ်တော့ မရှိဘူး။ ဒါပေမဲ့ ဒါလေးကို စိုးပြည့်အတွက် အမှတ်တရလည်း ဖြစ်သွားအောင်၊ ကိုယ့်မွေးနေ့မှာ ကိုယ့်ကို မွေးဖွားပေးတဲ့  မိဘတွေအတွက်လည်း အမှတ်တရလေးဖြစ်သွား အောင်ဆိုပြီး စိုးပြည့် ဒီဟာလေးကို စီစဉ်လိုက်တာပါ။ ဒီသီချင်းကို အွန်လိုင်း မှာ ဖြန့်ပြီးရင်း စိုးပြည့်နောက်ထွက်ရှိမယ့် တတိယအယ်လ်ဘမ်ထဲမှာ ပြန် ထည့်သွားမှာပါ” လို့ မိဘ ၂ ပါးအတွက် သီဆိုမယ့်သီချင်းအကြောင်းကို ပြောပြပါတယ်။ဒီနှစ်ကတော့  စိုးပြည့်သဇင်ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ကျ ရောက်တာဖြစ်ပြီး မွေးနေ့တိုင်း အလှူအတန်းတွေနဲ့ပဲ အမြဲဖြတ်သန်း       ဖြစ်တဲ့ စိုးပြည့်သဇင်က ဒီနှစ်မှာလည်း …

မွေးနေ့မှာတော့ အလှူလုပ်ဖို့ရှိပါတယ်။  မွေး နေ့မှာစိုးပြည့်က ဘာမှ လည်း ထွေထွေထူးထုး လုပ်လေ့မရှိပါဘူး။ နှစ်တိုင်းအလှူလေးနဲ့ပဲ ဖြတ်သန်း ဖြစ်တယ်။ ချစ်တဲ့ပရိသတ်တွေ  ဖန်တွေက စိုးပြည့်ဆီလာတယ်။ သူတို့နဲ့ပဲ မွေးနေ့ ကိုအတူတူ ဖြတ်သန်းတယ်။ အလှူလေးတွေလုပ်တယ်။ ဒီနှစ်တော့ သန်လျင် ဘက်မှာ သွားလှူဖြစ်မယ်။ နောက်တခြားလိုအပ်မယ့် နေရာလေးတွေမှာလည်း သွားလှူဖို့ စိုးပြည့်စဉ်းစားနေပါတယ်” လို့ မွေးနေ့မှာ လှူဒါန်းသွားမယ့် အလှူ နေရာများကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071