မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ် တဲ့ မေဦးက ဆရာစံလမ်းမှာ CMM Luxury Beauty Academy ဆိုတဲ့ သင်တန်းကျောင်းကို ဖွင့်လှစ်ထားပါတယ်။
”မေဦးကျောင်းမှာ တက်တဲ့ သူတွေကို နောက်ပိုင်းမှာ အလုပ်နဲ့ အမြဲ ထိတွေ့မှုရှိအောင် ချန်နယ် လိုင်းတွေ၊ ရုပ်ရှင်တွေနဲ့ မင်းသမီး တွေ ၊ Weddingလိုင်းတွေနဲ့ ထိတွေ့ မှုရှိအောင် ပညာသင်ကြားပေးရုံတင် မဟုတ်ဘူး။ နေထိုင်မှုပုံစံရော၊ အနု ပညာအလုပ်တွေပါ ဆက်စပ်ပေး တာဆိုတော့ သူတို့အတွက် တအား အဆင်ပြေတယ်။ ဒီကျောင်းမှာလည်း ကိုယ်သေချာဦးစီးပြီး လုပ်နေတာဆို တော့ ကိုယ့်အတွက်ကတော့ ဒီ ကျောင်းလေးက မေဦးရဲ့ မှတ်တိုင်၊ မေဦးဘဝရဲ့ ခွန်အားတွေပဲပေါ့”လို့ ပြောပါတယ်။
ဘယ်အလုပ်ကိုပဲ လုပ်လုပ် ဇွဲရှိ ဖို့နဲ့ ကိုယ့်အလုပ်အပေါ် စေတနာ ထားဖို့လိုသလို အမြဲတမ်းကြိုးစား နေမှလည်း သူများတွေထက် ရှေ့ ရောက်ပြီး တကယ်တော်တဲ့သူတစ် ယောက်ဖြစ်နိုင်မယ်လို့ မေဦးက ဆိုပါတယ်။
မေဦးက ဒီဝါကျွတ်မှာ သတို့ သမီးသတို့သားတွေအပြင် မိတ်ကပ် သင်တန်းကျောင်းရော၊ ရုပ်ရှင်မိတ် ကပ်ပြင်ဆင်မှုတွေကို လုပ်ဖြစ်နေသ လို နိုဝင်ဘာလကုန်မှာ မင်္ဂလာပွဲတွေ နဲ့ပတ်သက်ပြီး One Stop Service မျိုး ရရှိနိုင်မယ့် ဆိုင်တစ်ဆိုင်ကို အင်းယားလမ်းမှာ ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။