သရုပ်ဆောင် သင်ဇာမြင့်မိုရ်ဟာ မိခင်ရဲ့မွေးနေ့ အတွက် တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက် အပိုင်း(၁) မှာရှိတဲ့ ချမ်းမြေ့ရတနာ သီလရှင် စာသင်တိုက်မှာ သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ သူမရဲ့အမေဟာ အသက် ၅၆နှစ်ပြည့် သွားတာဖြစ်ပြီး မိသားစုများအတူတကွ သွားရောက် လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
သင်ဇာမြင့်မိုရ် အနေနဲ့ ယခုကာလ အတွင်းမှာ အလှူအတန်းများကို ဆက်တိုက်လုပ်ကိုင်လှူဒါန်းဖြစ်နေပြီး ဇွန်လ ၁၃ရက်နေ့မှာ ဆိုရင် လည်း ထန်းတစ်ပင်မြို့နယ်မှာ သွားရောက်လှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။