Monday, December 8, 2025

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...
HomeCelebrities' Newsမိခင်တွေရဲ့မေတ္တာတရားကြီးမားမှုကြောင့် 'ထာဝရအမေ'ရုပ်ရှင်မှာ အခက်အခဲ...

မိခင်တွေရဲ့မေတ္တာတရားကြီးမားမှုကြောင့် ‘ထာဝရအမေ’ရုပ်ရှင်မှာ အခက်အခဲ အနှောင့်အယှက်မရှိခဲ့ပါဘူး နေတိုး

ဘယ်သွားသွား အမေနဲ့အတူတူ သွားလေ့ရှိပြီး အမေချစ် သားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေတိုးက တော့ ဒီဇင်ဘာလ ၈ရက်နေ့မှာ ရုံတင် ပြသနေပြီဖြစ်တဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားမှာ အမေကိုချစ်တဲ့ သားတစ်ယောက်အဖြစ် ခံစားချက်နဲ့ ထပ်ထူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားခဲ့ပုံများအကြောင်းကို နေတိုးက…

“ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့ ဆရာကြီးရဲ့ အသားအရေ၊ ဆရာကြီး ငယ်ငယ်တုန်းက တပ်ခဲ့တဲ့ မျက်မှန်ပုံစံ၊ ပြီးတော့ ဆံပင်ပုံစံ၊ အဲ့ဒီခေတ် တုန်းကရှိခဲ့တဲ့ ပုံစံအကြောင်းအရာ တွေကအစ ဆရာကြီးပုံစံ ဝင်အောင် တော့ ကြိုးစားရတာပေါ့။ နောက်ပြီး ဆရာကြီးရဲ့ စိတ်ကို လေ့လာရတယ်။ ဆရာကြီးရဲ့ စိတ်ကိုထွေထွေထူးထူး လေ့လာစရာတော့ မလိုပါဘူး။ ဆရာကြီး ကိုယ်တိုင်ရေးထားတဲ့ ‘ကျွန်တော့်နဲ့ အမေ’ ဝတ္တုကို ဖတ် လိုက်တာနဲ့ ဆရာကြီးရဲ့ စိတ်ကိုနားလည် ပါတယ်။ ကျွန်တော်အနေနဲ့ မိခင်ရဲ့ မေတ္တာတရားကြီးမားတဲ့ဇာတ်ကို သရုပ်ဆောင်ရတဲ့ အချိန် မှာခက်ခဲမှုဆိုတာ သိပ်မရှိပါဘူး။ မိခင်ရဲ့မေတ္တာ တရားကဘယ်လောက်ကြီးမားသလဲဆိုရင် ဒီဇာတ်ကား ရိုက်ကူး တဲ့အချိန်မှာဘာ အနှောင့်အယှက် ဘာ အခက်အခဲမှမရှိခဲ့ ပါဘူး။ ဒီဇာတ်ကားထဲမှာ ကိုယ်ကို အသက်နဲ့လွယ်ပြီး မွေးဖွားခဲ့တဲ့ မိခင်ရဲ့ မေတ္တာတရားက ဘယ်လောက် ကြီးမားသလဲဆိုတာတွေ့မြင်ရမယ်။ သားသမီးကို ပညာအမွေပေးချင်တဲ့ မိခင်တစ်ယောက် ရဲ့ နောက်ကွယ်က ကြိုစားရုန်းကန်မှုတွေ ပံ့ပို့းမှု တွေကလည်း မိခင်ရဲ့ မေတ္တာတရား ကြီးမားမှုကို မြင်တွေ့ရမှာပါ” လို့ ပြောပြ ခဲ့ပါတယ်။ ‘နှင်းဆီ’ အငြိမ့်ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ် တဲ့ သရုပ်ဆောင်နေတိုးကတော့ ၂ဝ၁၈ နှစ်ဆန်းပိုင်းမှာအဖွဲ့သားများနဲ့အတူ ‘တော်ဝင် နှင်းဆီ’လို့ အမည်ပေးထားတဲ့ အငြိမ့်တစ်ခု လည်းကပြဖို့ စီစဉ် ထားကြောင်း သိရပါတယ်။ သူတို့ ရဲ့ နှင်းဆီအဖွဲ့ အနေနဲ့ ရယ်စရာ ထပ်မနေအောင် ဟာသ ပြက်လုံးတွေ ထုတ်ဖြစ်တဲ့အကြောင်း ကိုလည်း အခုလို ပြောပြခဲ့ ပါတယ်။

“၂ဝ၁၈ ခုနှစ် တစ်လပိုင်းမှာ ကပြဖျော်ဖြေမယ့် တော်ဝင် နှင်းဆီ အငြိမ့်ကတော့ပွဲ အသေးပါပဲ။  Hotel ကနေတောင်း ဆိုလို့ကပြဖြစ်သွားတာပါ။ အခုကတော့ ကျွန်တော်တို့တောင်ဝင်နှင်းဆီ အငြိမ့်ကပြဖို့ ပြက်လုံးတွေ စတိုက်နေပါပြီ။ ပြက်လုံးတွေ ကတော့အချိန်တွေ ပြောင်းလဲနေသရွေ့ရှိနေမှာ ပဲ။ အနုပညာဆိုတာက သဘာဝမှာ ရှိနေတဲ့ အဖြစ်အပျက်တွေမှာ အခြေခံပြီး ဖြစ်တာဆိုတော့ ကျွန်တော်တို့အနေနဲ့ လူနေမှုနဲ့ ပတ်ဝန်းကျင်ကို လေ့လာ ပြီး ပျက်လုံးတွေ လုပ်သွားဖို့ရှိပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071