မာန်အောင်တွင် တွေ့ရသည့် တော်ပီဒို
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်။ မိန်းမကြယ်ရွာတွင် တွေ့ရသော မပေါက်ကွဲသေးသည့် တပ်မတော်သုံး တော်ပီဒိုကျည်တစ်လုံးကို ဒေသခံများက ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာတွင် ဝေငှထားသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မြန်မာ့တပ်မတော်က ရခိုင်ပင်လယ်ပြင်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးပေါ် စစ်လက် နက်များ စမ်းသပ်ခဲ့ရာမှ တင်ကျန်ရစ်ခဲ့သည့် ဖျက်အားပြင်း စစ်လက်နက်တစ်မျိုး ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
ဓာတ်ပုံ -Kaung Mrat Naing