Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalမာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင်...

မာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင် အမေရိကန်က ဗင်နီဇွဲလားအား တို-က်ခို-က်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား သမ္မတ ဒေါ်နယ်ထရမ့်က လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးနောက် မြို့တော် ကာရာကတ်စ်တွင် ပေ-ါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်က တို-က်ခို-က်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။

မီရန်ဒါ (Miranda)၊ အာရာဂွာ (Aragua) နှင့် လာဂွိုင်ရာ (La Guaira) ပြည်နယ်များတွင်လည်း တို-က်ခို-က်မှုများ ဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ပြောကြားခဲ့ပြီး၊ မာဒူရိုက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကာ ကာကွယ်ရေးတပ်ဖွဲ့များကို စုရုံးစေခဲ့သည်။

မျက်မြင်သက်သေများနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပုံရိပ်များအရ နံနက် ၂ နာရီခန့်မှစ၍ မိနစ် ၉၀ ကြာအောင် ကာရာကတ်စ်မြို့တစ်ဝှမ်းတွင် ပေါက်ကွဲသံများ၊ လေယာဉ်များနှင့် မီးခိုးမည်းများကို မြင်တွေ့ရသည်။

မြို့တစ်ဝှမ်းရှိ ဗင်နီဇွဲလားနိုင်ငံသားများသည် မီးခိုးလုံးကြီးများနှင့် ကောင်းကင်ယံရှိ တောက်ပသော လိမ္မော်ရောင် အလင်းတန်းများကို ဗီဒီယိုမှတ်တမ်းတင်ရင်း တုန်လှုပ်ချောက်ချားမှုကို ဖော်ပြခဲ့ကြသည်။

အဓိက စစ်အခြေစိုက်စခန်းတစ်ခုအနီးရှိ မြို့တောင်ဘက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

၂၀၁၃ ခုနှစ်မှစတင်၍ သမ္မတမာဒူရို အုပ်ချုပ်ခဲ့သော တောင်အမေရိက ရေနံနိုင်ငံဖြစ်သည့် ဗင်နီဇွဲလားတွင် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်မည်ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် မာဒူရိုသည် အာဏာကို ဆက်လက်ဆုပ်ကိုင်ရန် မဲလိမ်ခဲ့သည်ဟု အမေရိကန်၊ ဗင်နီဇွဲလား အတို-က်အခံများနှင့် အခြားနိုင်ငံအများအပြားက ပြောဆိုထားကြသည်။

ထရမ့်သည် သူ၏ ရည်မှန်းချက်များကို လူသိရှင်ကြား အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မာဒူရိုအား နိုင်ငံမှ ထွက်ခွာသွားရန် အထူးဖိအားပေးခဲ့သည်။ မာဒူရိုအနေဖြင့် အာဏာကို စွန့်လွှတ်ခြင်းသည် “လိမ္မာပါးနပ်သော” လုပ်ရပ်ဖြစ်လိမ့်မည်ဟုလည်း ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဤတိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလား၏ ရေနံနှင့် တွင်းထွက်သယံဇာတများကို သိမ်းပိုက်ရန်ဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သည် ထိုသယံဇာတများကို ရယူနိုင်ရန် “အောင်မြင်လိမ့်မည်မဟုတ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် ကာရစ်ဘီယံဒေသတွင် လေယာဉ်တင်သင်္ဘောတစ်စီး၊ စစ်သင်္ဘောများနှင့် အဆင့်မြင့် တို-က်လေယာဉ်များ အပါအဝင် အဓိက စစ်အင်အား ဖြည့်တင်းမှုများကို လုပ်ဆောင်ထားသည်။

ထရမ့်သည် ဗင်နီဇွဲလားရေနံကို “ပိတ်ဆို့ဖြတ်တောက်ရန်” ကြိုးပမ်းခဲ့ပြီး မာဒူရိုအစိုးရအပေါ် ဒ-ဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ခဲ့သည်။ ထို့ပြင် ပစိဖိတ်သမုဒ္ဒရာနှင့် ကာရစ်ဘီယံပင်လယ်တို့တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်သည်ဟု အမေရိကန်က စွပ်စွဲထားသော သင်္ဘောများအပေါ် အကြိမ်ပေါင်း ၂၀ ကျော် တို-က်ခို-က်မှုများ ပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါး တင်ဆောင်ထားသော လှေများကို တင်ဆောင်သည့် နေရာတစ်ခုအား အမေရိကန်က တို-က်ခို-က်ခဲ့ကြောင်း ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထရမ့်က ပြောကြားခဲ့သည်။ ယင်းသည် ဖိအားပေးမှုများ စတင်ကတည်းက ဝါရှင်တန်မှ ဗင်နီဇွဲလားတွင် ကုန်းကြောင်းစစ်ဆင်ရေး ပြုလုပ်သည့် ပထမဆုံးသော လူသိရှင်ကြား ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

အဆိုပါ တို-က်ခို-က်မှုများကို CIA က လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အခြားသော သတင်းမီဒီယာအချို့ကမူ ထိုတို-က်ခို-က်မှုများ၏ နောက်ကွယ်တွင် ထောက်လှမ်းရေးအေဂျင်စီ (CIA) ရှိနေကြောင်း ဖော်ပြခဲ့ကြသည်။

ဗင်နီဇွဲလားသည် အမေရိကန်အတွင်းသို့ မူးယစ်ဆေးဝါးများ အလုံးအရင်းနှင့် သွင်းနေသည်ဟု ထရမ့်က စွပ်စွဲထားပြီး၊ သူ၏ အစိုးရအဖွဲ့သည် တောင်အမေရိကမှ ထွက်ခွာလာပြီး မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု ယူဆရသော လှေများကို လပေါင်းများစွာ ဗုံးကြဲတို-က်ခို-က်နေခဲ့သည်။ နိုင်ငံအများအပြားက ထိုတို-က်ခို-က်မှုများကို တရားဥပဒေပြင်ပ သ-တ်ဖြတ်မှုများအဖြစ် ရှုတ်ချခဲ့ကြပြီး မာဒူရိုအစိုးရကလည်း မူးယစ်ဆေးဝါး မှောင်ခိုမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071