Thursday, July 9, 2026

CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည်...

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က...

      ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်မည်ဖြစ်၍ (၂)ရက်ဆက်တိုက် အချိန်ပိုင်းလျှပ်စစ်...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လျှောက်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းတို့ကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် ၁၀ ရက်တို့၌ နံနက် ၉ နာရီမှ...

ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု (၂)...

ပထမဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီခန့်တွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅/၇ နှင့် ၄၆/၀ ကြား၌...
HomeInternationalမာချာဒို၏ လက်ဆောင် နိုဘယ်လ်ဆုကို...

မာချာဒို၏ လက်ဆောင် နိုဘယ်လ်ဆုကို ထရမ့်လက်ခံကြောင်း တရားဝင် ကြေညာ

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုသည် အိမ်ဖြူတော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ သူမ၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆု တံဆိပ်ကို သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးအပ်ခြင်းအား ထရမ့်က လက်ခံကြောင်း အိမ်ဖြူ‌တော်က တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။

ထရမ့်အနေဖြင့် ထိုတံဆိပ်ကို သိမ်းဆည်းထားရန် ရည်ရွယ်ထားကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

ထရမ့်နှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံပြီးနောက် “ဒီနေ့ဟာ ကျွန်မတို့ ဗင်နီဇွဲလားပြည်သူတွေအတွက် သမိုင်းဝင်နေ့တစ်နေ့လို့ ထင်ပါတယ်” ဟု သူမက ဆိုသည်။

အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ကို ကာရာကပ်စ်မြို့၌ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သီတင်းပတ်များအတွင်း ထရမ့်သည် ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ကြေညာထားသော မာချာဒို၏ လှုပ်ရှားမှုကို အသိအမှတ်ပြု ထောက်ခံရန် ငြင်းဆန်ထားသည်။ ထရမ့်သည် မာဒူရို၏ ဒုတိယသမ္မတဟောင်းဖြစ်သူ လက်ရှိယာယီအစိုးရခေါင်းဆောင် ဒဲလ်စီ ရိုဒရီဂွက်ဇ်နှင့်သာ ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။

နောက်ပိုင်းတွင် သူမက အင်္ဂလိပ်ဘာသာဖြင့် သတင်းထောက်များကို ပြောကြားရာ၌ “ကျွန်မ အမေရိကန်သမ္မတကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတံဆိပ် ပေးအပ်ခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ လွတ်မြောက်မှုအပေါ် သူရဲ့ ထူးခြားတဲ့ ကတိကဝတ်ပြုမှုကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

မာချာဒိုက သူမ၏ဆုကို ထရမ့်နှင့် မျှဝေမည်ဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သော်လည်း နိုဘယ်လ်ကော်မတီကမူ ထိုဆုသည် လွှဲပြောင်းပေး၍မရကြောင်း ရှင်းလင်းထားသည်။ ကော်မတီက “နိုဘယ်လ်ဆုကို တစ်ကြိမ်ကြေညာပြီးရင် ပြန်လည်ရုပ်သိမ်းတာ၊ ခွဲဝေတာ ဒါမှမဟုတ် တခြားသူထံ လွှဲပြောင်းပေးအပ်တာမျိုး လုပ်လို့မရပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပြီး ထာဝရ တည်မြဲနေမှာပါ” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေး ယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည် YBS ယာဉ်လိုင်းတွင် အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီးအကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ထို့ပြင် CNG အား ယာဉ်အမှတ် 6F-3682 ကားသို့ တ ရားမဝင်ရောင်းချခြင်းများပြုလုပ်သဖြင့် တာဝန်ရှိသူ များကကြည့်ရှုစစ်ဆေးရာ အမှန်တကယ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိရ၍ 2I-2957 ကားနှင့် 6F-3682 ကားတို့အား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

      ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော အပစ်အခတ်ရပ်စဲရေးအပေါ် နောက်ဆုံးထိုးနှက်ချက်အဖြစ် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဘာရိန်း၏ ပဉ္စမရေတပ်ခရိုင် ဘန်ဒါဆယ်လ်မန်နှင့် ကူဝိတ်ရှိ အလီအယ်လ်ဆာလမ်လေတပ်စခန်းရှိ အမေရိက၏ အဓိကစစ်စခန်းများကို ဒုံးကျည်နှင့် ဒရုန်း ပူးတွဲစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်းနှင့် စစ်ဆင်ရေးကို ဝင်ရောက်နှောင့်ယှက်ရန်ကြိုးပမ်းသည် အမေရိက MQ-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အစ္စလာမ်မစ်အစောင့်တပ်က ပြောကြားခဲ့သည်။        ဘာရိန်းနှင့် ကူဝိတ်တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များသည်...

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်မည်ဖြစ်၍ (၂)ရက်ဆက်တိုက် အချိန်ပိုင်းလျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်

ဇဗ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လျှောက်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းတို့ကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် ၁၀ ရက်တို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နေချိန်၌ ၁၁ ကေဗွီ အ ကွက်ကြီး ၄/၅ ဖီဒါ ဓာတ်အားပိတ်၍ဆောင်ရွက်မည်ဖြစ်ရာ သုခသိဒ္ဓိနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က(၁၁)၊ အစိုးရနည်းပညာ အထက် တန်း​ကျောင်းများတွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၇ ရက်က ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071